သူအနေနဲ့လည်း ကိုကို့ကိုချစ်ပေမဲ့ ဗီဇအတိုင်း တွေ့ရင်မပြော
ရရင်မနေနိင် ကိုကိုရဲ့လှုပ်ရှားမူတစ်ခုတိုင်းက ငေါက်ချင်စရာ
ဖြစ်နေတော့လည်း ကသိ့ကအောက်ဖြစ်မိပေမဲ့ သူဆူငေါက်
တိုင်းငိုသွားတာလေးကိုက စချင်နောက်ချင်စရာ။

ဒါကိုကော ကိုကိုက ဘာပြောလိမ့်မလဲ။

ရွာရောက်တာနှစ်ရက်တစ်ပိုင်းပေမဲ့ ဘာမှလိုလေသေးမရှိ
အောင်ယုယပေးတဲ့ ကိုကိုက မြတ်နိုးချင်စရာ။ညတုန်းက
တောင် ကိုကိုရဲ့ဆံပင်ရှည်တွေကိုနမ်းရိုက်ရင်း အစွမ်းကုန်
ချစ်ခဲ့တာပဲမဟုတ်လား။

အခုချိန်အတိုင်းအတာဆို ပန်းရဂုံမှာ ဘာတွေဖြစ်ပျက်ကုန်
ပြီလဲမသိပေမဲ့ ကျန်သောတခြားအကြောင်းအရာကို ဂရုမ
စိုက်တတ်တဲ့ အမိန့်စည်းကတော့အမူပင်ထားမှာမဟုတ်။
ဒီရွာလေးမှာ ကျင်လည်နေထိုင်တတ်အောင်ကြိုးစားရင်း
အံဝင်ကွင်ကျ သွားဖို့ကိုသာ စိတ်ထဲရှိနေလေ၏။

ပြီးတော့ ကိုကို့ကိုကောပေါ့။

..............

"နင်...သခွပ်ရိုး ကိုသိတယ်မလား"

"သခွပ်ရိုး...သခွပ်ရိုး..နေဦးဟ...ကြားဖူးသလိုတော့ရှိသား"

"နင်ကလည်းဟယ်...ငါတို့ငယ်ငယ်ကအတူဆော့နေကြသူ
ငယ်ချင်းလေ...ဟို ဆံပင်အရှည်လေးနဲ့ ရွာကိုအရင်ကတစ်
နှစ်တစ်ခေါက်ပြန်လာလည်တယ်လေ သိပြီလား"

"သြော်!အေး မှတ်မိပြီ...အဲ့ဒါဘာထူးဆန်းလို့လဲ"

"ထူးဆန်းတာမှ ဟိုဘက်ကမ်းတောင်လွန်သေး..အခုဘာဖြစ်
လဲသိလား...ရွာပြန်ရောက်နေပြီတဲ့တော်"

လုံမရဲ့ စပ်စပ်စုစု သူများအကြောင်းပြောရမယ်ဆို မျက်နှာ
မှာ ရောင်စုံကာလာတွေဖြတ်ပြေးသလိုနှယ် မျိုးစုံကြိုးခုန်
သော အမဲ့အရွဲ့၊ အပြုံးအရယ် သရုပ်ပြမူတွေနဲ့အတူ အားရ
ပါးရပြောဆိုတတ်တဲ့ ဝေဖန်မူတွေနဲ့စတင်လေပြီဖြစ်၏။

အကြောင်းသိနေတဲ့ ဂျမ်းပုံကတော့ စိတ်ထဲကတော့ ဒီကောင်
မရဲ့ အကျင့်ကို အမြင်ကပ်ပေမဲ့လည်း အပြင်ကတော့ မိန်းမ
တို့ရဲ့မွေးရာပါပင်ကိုယ်စရိုက် စပ်စုတတ်တဲ့ သွေမဖယ်နိင်
အောင်ရှိနေတဲ့ အကျင့်ကြီးကြောင့် ခရမ်းချဉ်သီးပင်ကြားတွေ
မှာပေါက်နေတဲ့ ပေါင်းပင်တွေကိုပင် လက်ထဲတစ်စုကြီးကိုင်
ထားရက်နဲ့ကို သူမသာကိုယ်မသာ ပြန်စပ်စုနေမိလေရဲ့။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now