"ခင်ဗျား မပင်ပန်းဘူးလား"
"ဘာကိုလဲ မောင်"
သိပ်အသဲယားဖို့ကောင်းတဲ့ သူကတော့ မသိရိုးအမှန်မျက်နှာ
ပေးလေးနှင့် ကိုယ့်ကိုကိုင်းကာ အမိန့်စည်းအပေါ် တရိုတ
သေပြန်ဖြေနေတာလေးကြောင့် အမိန့်စည်းရဲ့နှုတ်ခမ်းတွေ
အလွန်ကျေနပ်ပီတီအပြုံးလေးတွေ လွင့်စင်သွားရပါ၏။"ညက ကိစ္စလေ"
"ဟင်...မောင်ကလည်း"
ဟင်...ဆိုတဲ့စကားလုံးလေးမှာ အသံရှည်ဆွဲ၍ နှုတ်ခမ်းဆူ
သွားရတဲ့ သခွပ်ရိုးကြောင့် အမိန့် ရဲ့တင်းတင်းစေ့ထားတဲ့
နှုတ်ခမ်းများက ဆက်တင်းမထားနိင်တော့...ဟက်ဟက်ပက်
ပက်ပင်ရယ်မိပါတော့လေသည်။"အေးပေါ့ဗျာ...ခင်ဗျားက အရိုးရင့်နေပြီဆိုတော့လည်း ဘယ်
လိုပင်ပန်းမှာလဲ...ကျုပ်ကသာ!""ပြန်ပြောလိုက်...ပြန်ပြောစမ်းပါဦး...ကျုပ်ကသာ ဘာဖြစ်လဲ"
"ကျုပ်အထင် ခင်ဗျားကပြုတ်မနူးကြီးများလား..ဖယ်စမ်း..
ကျုပ်သေချာလှန်ကြည့်ဦးမယ်""အံမယ်...ဟုတ်ပါတယ် ဒီက ပြုတ်မနူးနိင်တဲ့အရိုးရင့်ကြီး
ပါ...ဒါများဖြင့် မောင်လို့ရွယ်တူငယ်တဲ့သူတွေကို ကြိုက်ပါ၊
ယူပါတော့လား""မှန်မှန်ပြော...ခင်ဗျား စိတ်ထဲ အသက်ငယ်ငယ်ရွယ်ရွယ်
လေးရှိသေးတဲ့ မင်းအမိန့်စည်းကို အပိုင်ရလိုက်လို့ကြိတ်ပျော်
နေတယ်မလား...""ပျော်တယ်...ပျော်တာမှပြဲလို့..ဟွန့်"
"အဟား...ဟား"
တခဏအတွေးလေးထဲ ဆူညံနေကြတဲ့အသံတွေကြောင့်
ပဲရစ်နဲ့ ပန်းရဂုံကိုပြန်ရောက်နေတယ်အထင်ဖြင့် ထင်ယောင်
မှားစိတ်နဲ့ အော်လိုက်မိပေမဲ့ ဆစ်ခနဲ့အတွေး ဖြတ်ခနဲ့အခန်း
ထဲဝင်လာတဲ့ အရိပ်လေးတစ်ခုမှတင် ခုရောက်နေတဲ့ဘဝ
လေးကို လွန်စွာသိပ်ကျေနပ်သွားရလေ၏။သူရဲ့ တုန်ခါလှိုက်မောစွာရယ်သံတွေကို မျက်စောင်းထိုး၍
စိတ်ကောက်သွားတဲ့ ကပိုကယိုပုံစံလေးကို သဘောကျလွန်
လို့ပြောပြ၍ပင်မတတ်။ ညကကိစ္စမှာလည်း မငြီးမငြူနဲ့သူ
ထားရာနေစေရာသွားပေးတဲ့ ကိုကိုက မနက်မိုးလင်းတော့
ဇီးရွက်လေးလောက်တောင်ရှိတော့ပေမဲ့ မောင်ပျော်ရင်သူ
လည်းပျော်ပါတယ်တဲ့လေ။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL
Chapter...19
Start from the beginning