=============

""လေဒီယာ""

""ရှင့်ကို ကျမနောက်မလိုက်နဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ""

""ကျမ မမကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်နိုင်ဘူး""

"လူလိုပြောနေရင် နားလည်...သွားပါတော့...ကျမ အလုပ်ကို ကောင်းကောင်းလုပ်ပါရစေ""

""မင်း ငါ့ကို မမှတ်မိမချင်း ငါကတော့ ဆက်လိုက်နေမှာ....မင်းက ငါ့အပိုင် မင်းကို ငါကိုယ်တိုင် ပိုက်ဆံအများကြီးအကုန်ခံပြီးဝယ်ထားတာ""

""ဟိုဟာမဆီကနေ မင်းကို တို့မရရအောင်ပြန်ခေါ်ပြမယ်""

""ပြီးတော့ မင်း အဲဒီဟာမကို တမ်းတမ်းစွဲလုပ်ပြနေတာ ငါ့ရင်တွေနာလှပြီ မင်းသိလား""

""ကျေးဇူးပြုပြီး ကျမကိုမနှောက်ယှက်ပါနဲ့တော့ရှင်....မမမြင်ရင် အထင်လွှဲသွားလိမ့်မယ်""

"သွားပါတော့.... ကျမတောင်းပန်ပါတယ်ရှင်"

""အိုခေ ဘေဘီမင်းအတင်းတောင်းဆိုလို့ တို့ပြန်လိုက်မယ်...နောက်နေ့မှ ထပ်လာခဲ့မယ်...ဒီနေ့တော့ ဒီလောက်ပဲ"

"တာ့တာ"

နှင်း လေဒီယာကိုနောက်ယောင်ခံပြီးလိုက်နေသည်မှာ တစ်လခန့်ရှိလေပြီ။
နှစ်ဦးနှစ်ဖက် နှစ်ဖွဲ့စလုံး တင်းမာနေသည့် ဆက်ဆံရေးများဖြစ်နေပေမယ့်နှင်းကတော့ အကြောက်အလန့်မရှိ လေဒီယာနောက်သို့ တစ်ကောက်ကောက်လိုက်သည်။ 
နှင်းတို့ ယခုကဲ့သို့ အန္တရာယ်ကင်းကင်းရှင်းရှင်းဖြင့် နေနိုင်ခြင်းသည် ဖေဖေ့အာဏာပါဝါကြောင့်လည်းပါသည်။
ယွန်းသီရိဖက်ကလည်း နှင်းတို့ကို ရန်မူလို့မရသလို...နှင်းတို့ကလည်း ရုရှားနာမည်ကြီးဂိုဏ်းချုပ်တစ်ဖွဲ့လုံးလက်
အောက်တွင်ရှိနေသော ယွန်းသီရိကိုရန်စလို့ မဖြစ်ပေ။ ခိုက်ရန်ဖြစ်လို့ သွေးချောင်းစီးသွားတာပဲ အဖက်တင်မည်ကို နှစ်ဦးနှစ်ဖက်လုံးသိသည်။
နှင်းကတော့ အကြောက်အလန့်မရှိသူပီပီ အကြောတင်းကာ စောက်ဂရုမစိုက်သည့် အထာနှင့် လေဒီယာနောက်သို့ တစ်ကောက်ကောက်လိုက်သည်။

""ဘယ်လို မိန်းမမှန်းမသိဘူး...စိတ်ရှုပ်လိုက်တာ...မမကို ပိုက်ဆံများများအပ်နိုင်အောင်ကြိုးစားရမှာကို အရှုပ်ထုပ်နဲ့
လာလာတွေ့နေတယ်""

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now