" ဒါဆိုလည်း မင်းလို အလှလေးကို ရေတွင်းပျက်ဖြစ်အောင် ရေနံတူးနိုင်တဲ့ ဘဲကြီး ကို ဦးသိချင် ခလွမ်း  အားးးးး "

" သွားသေပစ်လိုက် စောက်အဘိုးကြီး "

စားပွဲပေါ်က ဝိုင်ပုလင်းနဲ့ခေါင်းကိုရိုက်ပေးလိုက်မှ အဘိုးကြီးက နေနေ့ကိုကြောက်သလိုလိုရွံ့သလိုလိုဖြစ်လာသည် ။

" မင်း! "

" ဘာဖြစ်လဲ မကျေနပ်ဘူး လား နောက်တစ်ခေါက် ထပ်ရိုက်ပေးရမှာလား တိုင်ချင်တဲ့သူနဲ့သွားတိုင်နော် နေဥတ္တရာတို့က ကြောက်မနေဘူး "

" မင်းတွေ့မယ် ငါပြန်လာခဲ့မယ် "

" ပြန်လာရင် နောက်တစ်ခါ ထပ်ရိုက်ပေးမယ် "

စိတ်တွေတိုလိုက်တာ ဝီလီယမ်ဆိုတဲ့ ကောင်ကလည်း ရောက်မလာနိုင်ဘူး ။

နေနေ ဒေါသတွေထွက်လွန်းလို့ အသားတွေပါ တဆတ်ဆတ်တုန်လာသည် ။

" ကျစ် လက်ကလည်း ရှသွားပြန်ပြီ "

ဘာတစ်ခုမှ အဆင်မပြေ၍ ပိုပြီးတောင် လူကစိတ်အဆင်မပြေတော့ ။

နေ့တွင်းညတွင်းချင်းကို ဒီလိုတွေဖြစ်ကုန်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ ။

အဲ့ဒီ့အချိန်မှာပဲ သူ့မျက်လုံးထဲဝင်လာတာ လူတစ်ယောက် ။ အဝေးကကြည့်နေတာတောင် လူတွေအားလုံးထဲ အဲ့ဒီ့လူကထင်းလင်းနေတာပဲ ။

ပုံမှန်တခြားယောကျ်ားလေးတွေ ဝတ်တာတောင် နေနေ့မျက်စိထဲ အဆင်မပြေလှသည့် တီရှပ်အဖြူကအဲဒီ့လူဝတ်ထားလိုက်တော့ ထင်းထွက်နေလိုက်တာများ။

မီးရောင်အောက်မှာ အသားညိုညိုလေးနဲ့ ကြည့်ကောင်းလိုက်တာ ။ ဆံပင်ကလည်း ကတုံးဆံပင် နေပါဦး ကတုံးဆံပင်ပေါက် ဝီရဦးခေါင်  !  ။

ဟုတ်တာပေါ့ သူ့ဆီကို လာနေတာ ဖိုးခေါင်မှဖိုးခေါင်အစစ် ။

" ကျုပ်ချောတာ သိပေမယ့် ခင်ဗျား အိန္ဒြေပျက်လောက်တဲ့အထိ မငမ်းသင့်ပါဘူး နေနေ "

သူ့ဘေးမှာခုံဆွဲယူပြီး ထိုင်လိုက်သည့်အထိ နေနေ့မှာပါးစပ်အဟောင်းသား ။

ဒီလောက် စောက်ချိုးမပြေတဲ့ ကောင်ကိုမှ သူကသွားငမ်းမိနေတာ ။

CEO's Possessively Boyfriend Onde histórias criam vida. Descubra agora