အပိုင်း ၃၄

Start from the beginning
                                    

"အမေကလဲကြံဖန်ပြီးပူနေပြန်ပြီအဆင်ပြေမှာပါသူတစ်ယောက်ထဲသွားတာလဲမဟုတ်ဘူးသူခန့်နဲ့သွားတာဘာမှမဖြစ်ဘူးမပူနဲ့"

"ဪမပူလို့တော့ရမလားဟဲ့အရွယ်ရောက်ပြီးသားကလေးတွေပဲပူရတာပေါ့"

"ဖုန်းနေ့တိုင်းဆက်တယ်မလားအမေရ စကားလဲပြောနေရတာပဲကို"

"ဒါတော့ဒါပေါ့ဟယ်ဒါပေမယ့်လဲ"

"အမေဆက်ပြောနေရင်သားအရက်သွားသောက်ပစ်မှာနော်"

:ဂွပ်
"အ"

"အဲ့မှာအရက်သောက်ချင်ဦး နင်မအေ့ဆန္ဒကိုဒါလေးတောင်မလိုက်လျောပေးချင်ဘူးလားတစ်နှစ်လဲမဟုတ်တစ်လလဲမဟုတ်တစ်ပတ်လေးပဲမသောက်ခိုင်းတာကိုငါ့ရှေ့လာပြီးဖြစ်ပျက်ပြနေတာနင်လဲနင့်အဖေနောက်လိုက်ချင်ရင်အဲ့အရည်တွေများများမျိုငါ့ကိုတစ်ယောက်ထဲထားပြီးထွက်သွားကြ"
ပြောရင်းနဲ့ဒေါ်မြတ်သွေးနီတစ်ယောက်အသံကတုန်လာသည်။
အဲ့အသံကြားတာနဲ့ဇော်ခန့်ကပျာပျာသလဲ

"ဟာအမေဘာလို့ငိုတာလဲဗျာ သားကမသောက်ပါဘူးအမေ့ကိုစရုံစတာပါအမေကသားထက်ဟိုကောင်ကိုဂရုစိုက်ပြနေလို့တမင်ပြောတာ တကယ်လဲမသောက်ပါဘူးဗျာ"

"အေးဒီမအေစိတ်ညစ်တာမြင်ချင်ရင်တော့သောက်ပေါ့ ပြီးတော့ငါဘယ်မှာငိုနေလို့လဲမငိုပါဘူး"

"မသောက်ဘူးမသောက်ဘူးအမေလဲသူ့ကိုဂရုစိုက်မပြနဲ့"

"ဟဲ့အဲတာနင့်ညီတစ်ဝမ်းကွဲငါ့တူလေးလေနင်ဘယ်လိုစိတ်နဲ့ပြောရက်ရတာလဲ"

"မသိဘူးအမေအဲ့ကောင်ကိုအဲလိုအကဲပိုလွန်းလို့သားကသူ့ကိုမုန်းတာ"

"အမလေးတော်ဖြစ်ရသေးတယ်မဟုတ်လဲမုန်းနေတာကို"

"ဒီတိုင်းဆိုနည်းနည်းကြည့်ရသေးတယ်ဗျအမေကသူ့ကိုသားလေးဘာညာခေါ်လိုက်ရင်သားကမျက်မုန်းကျိုးသွားရောအဲ့ကောင်ကို"

"နင်ဟာလေမနာလိုစိတ်ကိုကြီးလွန်းတယ်ဒီမအေကြီးကလေနင်တို့ညီအကိုနှစ်ယောက်တည့်နေတာကိုမြင်ချင်တာဟဲ့ငါ့ဆန္ဒလေးမသေခင်ဖြည့်မပေးချင်ဘူးလားသားရယ်"

"ဟာအမေတော်လိုက်တော့အဲ့သေတယ်ဆိုတဲ့စကားထပ်မပြောနဲ့တော့မင်းတို့ညီအကိုနှစ်ယောက်တည့်တည်ရှုရှုနေကြစမ်းလို့ပြောလဲပြီးနေတာကိုအဲလိုကြီးမပြောပါနဲ့ဗျာ"

"နေပေးနိုင်မှာမလို့လားမင်းတို့ကအဲလိုပြောရုံလေးနဲ့"

"အမေမြင်ချင်တာမလားသားရအောင်လုပ်ပေးမယ်အဲ့သေဆိုတဲ့စကားတော့ထပ်မပြောနဲ့မကြားချင်ဘူး"

"ဟဲ့မဟုတ်လို့လားငါတို့ကလူတွေလေအချိန်တန်လဲသေ..."

"အမေ! ထပ်မပြောနဲ့တော့လို့ပြောနေတယ်မလား"
ဒေါ်မြတ်သွေးနီလန့်တောင်သွားသည်။ဇော်ခန့်သူ့ကိုတစ်ခါမှအဲလိုမအော်ဖူးပါ။ဒီကလေးဒါကိုတော်တော်အထိမခံဖြစ်နေတာပဲ

"အေးဟေ့ အေးဟမပြောနဲ့ဆိုလဲမပြောတော့ဘူးငါ့ကိုအငယ်ကြနေတာပဲအော်နေလိုက်တာများ"
ဆိုပြီးပွစိပွစိပြောကာထိုင်ခုံကထသွားလေသည်။ထိုင်ခုံမှာကျန်နေခဲ့တဲ့ဇော်ခန့်ကတော့ကျလာတဲ့မျက်ရည်တွေခိုးသုတ်လိုက်သည်။
'ဒါတွေအမေမသိပါဘူးဗျာအဖေ့လိုမျိုးအမေ့ကိုသားထပ်မဆုံးရှုံးချင်တော့ဘူးဗျအမေ့ကိုပါထပ်ပြီးဆုံးရှုံးရမယ်ဆိုသားရူးရလိမ့်မယ်'ဇော်ခန့်သူ့အမေကိုစကားနဲ့တောင်အပြောမခံနိုင်ပါသူ့အမေကသာသူ့ကမ္ဘာကြီးဖြစ်တာသူပဲသိသည်မလား

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now