20

3.4K 466 55
                                    

For Unicode

အိပ်နေရာကနေ ဘေးဘက်မှ လစ်ဟာ နေသော ခံစားမှု ကြောင့် ဂျုံးဂု မျက်လုံးများကို မဖွင့်ပဲ အိပ်ယာပေါ် စမ်း‌ကြည့်တော့ နူးညံ့နွေးထွေးသည့် အထိအတွေ့လေး ပျောက်ဆုံးနေသည်။

ဂျုံးဂုထိုအခါမှ ချက်ချင်း ထထိုင်လိုက်ကာ အခန်းတွင်းကို ဝေ့ဝဲ ကြည့်လိုက်သည် ။ မည်သူမှမရှိပဲ တိတ်ဆိတ်လျှက် ရှိကာ အနီရောင်စားပွဲတင်နာရီလေးက မနက်သုံးနာရီ ကို ညွှန်ပြလျှက် ရှိ၏။

အမြန်ပင်ထကာ အခန်းတံခါးကိုဖွင့်ပြီး လှေကားအတိုင်း ပြေးဆင်းခဲ့ပြီး အိမ်တံခါးမကြီးကိုဖွင့်ရန်  ဂျုံးဂု  ခပ်သွက်သွက် ‌အသွား

" အဟွန်း "

ချောင်းဟန့်သံ သဲ့သဲ့လေးက မီးဖိုခန်း ဘက်မှ ထွက်လာ၍ သူ၏ခြေလှမ်းတို့ နှေးသွားကာ ထိုအသံကြားရာဘက်သို့ သူလှည့်လာလိုက်သည်။

မီးတစ်လုံးသာ ဖွင့်ထား၍ အနည်းငယ် မှိန်နေသော ထမင်းစားခန်းထဲတွင် အငွေ့တလူလူနှင့် စားလက်စ ခေါက်ဆွဲ တစ်အိုး ရှိနေကာ ထယ်ယောင်းက တူလေး ကိုင်လျှက် ဂျုံးဂုကို ပြူးကြောင်ကြောင် လေး စိုက်ကြည့်နေ၏။

" ဟား "

ဂျုံးဂု ရယ်လိုက်မိကာ ခုံကိုဆွဲ၍ ထယ်ယောင်း အနားလေးသို့ ထိုင်ချလိုက်တယ်။ တလက်စတည်း ဘေးကို တိုးဖို့ ကြံ‌နေတဲ့ ထယ်ယောင်းရဲ့ ခုံကိုပါ လိုက်နှင့် ဆွဲကပ်ရင်းပေါ့....

" ကျွန်တော် ဘယ်လောက် လန့်သွားလဲ သိလား "

ထယ်ယောင်းက လက်ထဲက တူကို အိုးထဲ ပြန်ချရင်း သူ့ဘက်ကို နားမလည်သလို ကြည့်တယ်။

" ဘာကိုလဲ "

" ခင်ဗျား ထွက်ပြေးပြီ ထင်လို့ "

သူက ပြုံးရင်း ပြောလိုက်ပေမယ့် ထယ်ယောင်းကတော့ မပြုံးပါ။ ထိုအစား အာ ဟု ရေရွတ်လျှက် စားပွဲပေါ် လက်ဆစ်လေးဖြင့် ခပ်ဖွဖွ ခေါက်နေသည်။

" ဆက်စားလေ ။ ထိုင်စောင့်ပေးမယ် "

" ရတယ် သွားအိပ်ပါ "

" မရဘူး ခင်ဗျားနဲ့မှ "

အရမ်း ပေကပ်လွန်းနေတဲ့ ဂျုံးဂုကို ထယ်ယောင်းက မနိုင်တော့၍လား ဆက်လက်စကားမပြောချင်တော့၍လား မသိ တူကိုပြန်ကိုင်ကာ ခေါက်ဆွဲကိုပဲ အလုံးစုံ စိတ်နှစ်၍ စားနေသည်။

The Next Chapter: EchoWhere stories live. Discover now