10

3.5K 492 70
                                    

For Unicode

သွယ်တန်းနေသော လမ်းမီးတိုင် တို့ အောက်တွင် တံခါးဖွင့်ထားသော ကားတစ်စီးက ခပ်စောင်းစောင်းရပ်ထားသည်။

ထိုကားရှိရာကို ကောင်လေးတစ်ယောက်က တစ်ဖက်လမ်းကြားထဲမှ ခပ်သွက်သွက်လှမ်းလာကာ သူ၏ပုံမှာ နှင်းမြူထုအောက်တွင် တိုး၀င်ဖောက်ထွက်လာသည့် နတ်သူငယ်လေးနှယ် ချောမော၍ချစ်စဖွယ် ကောင်းလှ၏။

အနီရောင်ဆွယ်တာထူထူများထဲ တွင် နစ်မြုပ်နေသော ထိုကောင်လေး ကားနားရောက်သည်နှင့် ကားတံခါးဖွင့်ကာ ခြေ‌ဆင်းထိုင်နေသော ကောင်လေးက ခပ်ချွဲချွဲလေး ဆွဲဖက်လိုက်သည်။

" ဂျုံးဂု ဘာလို့ တံခါးဖွင့်ထိုင်နေတာလဲ။ ၀တ်ထားတာလဲ ပါးပါးလေး  ရယ် "

မီးခိုးရောင်ဟူဒီတစ်ထည်ကို ခေါင်းဆောင်း၀တ်ထားကာ နုနယ်ပျိုမျစ်ပြီး ချောမောသော မျက်နှာလေးဟာ မထီတရီ ပြုံးသည်။ ထယ်ယောင်းက အသင့်ယူလာတဲ့ မာဖလာလေးပတ်ပေးတော့မှ အနည်းငယ်ဒူးကွေးကာ လည်ပင်းကို ငုံ့ပေးရင်း ချိုသာစွာပြုံးတော့၏။

" နမ်း "

မျက်လုံးကိုမှိတ်ကာ ပြောလိုက်တဲ့ ဂျုံးဂုရဲ့ စကားကို ထယ်ယောင်းက ရယ်ပြီး နှုတ်ခမ်းလေးကို ခပ်ဖွဖွနမ်းလိုက်တယ်။ သူ ဂျုံးဂု၏ ကမ်းလှမ်းချက်ကို လက်ခံပြီး စတင်မိခဲ့တဲ့ ဤဆက်ဆံရေးကို အလွန်ကိုမှ ‌ကျေနပ်နေမိသည်။ တွဲဖြစ်သည့် နှစ်လ အတွင်းမှာ သူတို့ဟာ ခပ်မြန်မြန်ပဲ နီးကပ်လာခဲ့ကာ ချစ်တယ် ဟူသော စကားကို ဂျုံးဂုဆီမှ မကြားရ‌သော်ငြား နေ့ရက်တိုင်းဟာ ရင်ခုန်ဖွယ်ပါပင်။

တစ်ခါတစ်ရံ သူဟာ ဒီအတိုင်း တွဲဖက် တစ်ယောက်ဆိုတာကိုပင် မေ့နေသည်အထိ ဤအချစ်မှာ နစ်မူးပျော်၀င်နေမိ၏။

" ကားထဲ ၀င်။ ခင်ဗျား မျက်တောင်တွေ ခဲတော့မယ် ထင်တယ် "

ဂျုံးဂုက သူ၏မျက်တောင်တွေကို တော်တော်သဘောကျသည်လို့ပြောဖူးသည်။ အမြဲနီးစပ်တိုင်းလည်း သူ့မျက်တောင်တွေကို လက်ညိုးဖြင့်ခပ်ဖွဖွထိကာ ဆော့ကစားနေတာများ၏။

ကားထဲမှာတော့ နွေးနေကာ တိတ်ဆိတ်နေပြီး သူတို့နှစ်ဦး စလုံး အတော်ကြာ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်။ ဂျုံးဂုကတော့ သူ့ပုခုံးထက်ကို ခေါင်းမှီကာ ဂိမ်းဆော့ဖို့လုပ်နေသည်။

The Next Chapter: EchoWhere stories live. Discover now