For Unicode
" ယူယွန်း "
" ဘာလဲ "
ခပ်ဆောင့်ဆောင့် အော်သံက ထယ်ယောင်းရဲ့ ရှေ့ဆက်မဲ့ စကားတွေကို တွန့်ဆုတ်စေသည်။
သို့သော် ယခုမူ ထယ်ယောင်းတွင် မာနတွေမရှိနိုင်ချေ။" ဂျုံးဂု...သူဘယ်လိုရှိလဲ "
ယူယွန်း၏ မျက်ခုံးများတွန့်ချိုးသွားသည်။ သူမနှုတ်ခမ်းလေးကိုဟကာ ဝါးလက်စပီကေကို ထွေးထုတ်လိုက်ပြီး ပြန်လည်စူးစိုက်ကြည့်ပြန်သည်။
" ဘာကို ဘယ်လိုရှိရမှာလဲ။ နင်ကဘာလို့သိချင်နေသေးတာလဲ "
နဂိုကတည်းက ထယ်ယောင်းအပေါ် အစေးမကပ်သူမို့ ယူယွန်းက ခပ်ပြတ်ပြတ်ပဲ ပြောကာ အပေါ်ပြန်တတ် သွားသည်။
ထယ်ယောင်းတစ်ယောက်သာ လှေကားရင်းတွင် ခပ်ငိုင်ငိုင်ကျန်နေခဲ့ရသည်။ လက်ထဲက ဖုန်းကို ငေးရင်း စက်ပိတ်ထားသည်ဟုသာ ရေရွတ်နေသော နံပါတ်တစ်ခုကို ထပ်ခေါ်သင့်မခေါ်သင့် သာ တွေးနေမိ၏။
သူသည် နောက်ဆုံးဖုန်းထပ်မခေါ်ဖို့ပဲ ဆုံးဖြတ်လိုက်ကာ ခြေလှမ်းတို့လေးပင်စွာဖြင့် အိမ်ပေါ်သို့တတ်ကာ သူ၏ အခန်းလေးရှိ စောင်ပုံလေးထဲ တိုး၀င်လိုက်သည်။
ဂျုံးဂု သည် ဂျပန်က ပြန်ရောက်သည်ကို အသိမပေးပဲ ကျောင်းကိုပုံမှန်တတ်နေသည်။ ဤသည်ကို ဂျယ်ဂျွန်းက မြင်ခဲ့သည်ပြောတော့မှ ထယ်ယောင်းက သိရတာဖြစ်သည်။
ပြန်မလာခင် ဖုန်းအပြန်အလှန် ပြောထားဖူးတာလည်း ရှိကာ အေးအေးဆေးဆေး ဖြစ်ခဲ့ပြီး ဘာလို့ရုတ်တရပ်ကြီး ပြောင်းလဲ သွားရသလဲ ဆိုတာ သူမသိ။
ဖုန်းတွေကိုလည်း စက်ပိတ်ထားကာ အတန်းရှေ့ သွားစောင့်ဖို့ထိတော့ မျက်လုံးပေါင်းများစွာကလည်းရှိနေကာ ထယ်ယောင်း၏ စိတ်က အခွင့်မပေးသဖြင့် မသွားဖြစ်ခဲ့။
သူတို့၏ ဆုံရပ် ဂျုံးဂု၏အိမ်မှာ သွားစောင့် နေသော်လည်း သော့ပိတ်ထားသော ခြံတံခါးကြီးကသာ စောင့်ကြိုနေသည်။စိတ်ညစ်စရာရှိသလား ၊ နေများမကောင်းလို့လား ဆိုတာ သိချင်တာမို့ ယူယွန်းကိုမေးတော့လည်း အဖြေမသိရသဖြင့် ထယ်ယောင်းစိတ်ညစ်လာသည်။
YOU ARE READING
The Next Chapter: Echo
Fanfictionပဲ့တင်သံတွေလို ပြေး၀င်လာတဲ့ ချစ်ခြင်းရဲ့ အရှိန်အဟုန် တွေကြား ချစ်သူဟာ စာမျက်နှာသစ်တစ်ရွက်ကို ဖွင့်လှစ်ခဲ့တယ်။ ကဲ......ကိုယ်ကဖတ်ပြမယ်။