part.3

186 15 2
                                    

အကြည့်ဆိုတော့မှလေဆိပ်ထဲမှာတွေ့ခဲ့တဲ့လူတစ်ယောက်ရဲ့
မျက်နှာကိုမြင်ယောင်လာသည်...နုပျိုတဲ့မျက်နှာအထက်မှာ
ယောက်ကျားပီသသည့်...ပါးသိုင်းမွှေးရေးရေးထသ်ပေမယ့်
လက်ရှအသက်ထက်..ပိုရင့်မသွားချေ..စူးခနဲကြည့်သည့်
မျက်ဝန်းတစ်စုံကို...မြင်ယောင်လာစဉ်ရေပန်းအောက်မှာရှိ
တဲ့..ခနာကိုယ်ကိုကျုံလိုက်မိသည်...အဟင်း...ကျောချမ်း
တဲ့...အေးစက်စက်အကြည့်တွေပါလား...

ရေချိုးခန်းထဲကထွက်လာပြီး...ခေါင်းကိုtowel..ဖြင့်သုတ်​
နေတုန်း....အခန်းတံခါးလာခေါက်လာခေါက်သည်...ဗီရိုထဲမှ
ဝတ်စုံတစ်စုံကိုဝတ်လိုက်ပြီး...တံခါးဖွင့်စဉ်..မိဝါဟုခေါ်သည့်
ကောင်မလေးကိုတွေ့သည်...

"သခင်ကြီးက....ခေါ်ခိုင်းလိုက်ပါတယ်...အကိုလေး"

"လာခဲ့မယ်"

ခပ်ပြက်ပြက်ပြောရ်ျ....ခေါင်းဖီးနေတုန်း...မှန်တင်ခုံတွင်
ထိုင်လိုက်သည်...မှန်ထဲက..သူ့မျက်ဝန်းတွေကိုသေချာကြည့်မိသည်...သူ့မျက်လုံးက..အညို​ရောင်..ကိုကိုကအနက်ရောင်
ဒါပဲကွာတာပင်...ဒါကို..ပါးကမကြည့်မိဘူးထင်တယ်...
အံသြဖို့ကောင်းတယ်..အသက်(2)နှစ်ကွာတဲ့သူနဲ့ကိုကိုက..အမွှာနီးနီးတူတဲ့ထိ..မားက...ဘယ်လိုမွေးခဲ့လဲမသိ။

အခန်းတံခါးပိတ်ပြီး...လှေကားမှဖြေးဖြေးဆင်းလာလိုက်
သည်....ထမင်စားခန်းမှာအဆင်သင့်စောင့်နေတဲ့....ပါး
ရှေ့တည့်တည့်ကခုံမှာဝင်ထိုင်လိုက်သည်။စားပွဲပေါ်ကဟင်းတွေကအစုံအလင်ပင်...သူကြိုက်တဲ့
နံနံပင်အုပ်ထားတဲ့ကြက်သားဟင်းကို..ပါးကသူ့ပန်းကန်ထဲ
ထည့်ပေးသည်။

"ကုနအောင်စားသား......ကျန်းမာရေးမကောင်းတဲ့သူအတွက်..အစားအသောက်များများစားဖို့လိုတယ်"

ဘာသဘောပါလိမ့်..သူနားမလည်..ပါးစကားတွေကပဲဆန်းနေတာလား..သူကပဲလိုက်မမှီတာလား...ဘာမှသေချာမသိချေ။

"ကျွန်တော့်မှာ..ဘာရောဂါမှမရှိဘူး...ပါး"

ပါးကသူ့ကိုတစ်ချက်ကြည့်ပြီး..ထမင်းပြန်စားနေသည်။

"ကောင်းပြီ...ဒေါက်တာချုမင်လာတော့..သေချာသိရတာပေါ့"

လာပြန်ပြီဒေါက်တာချုမင်...ဘာလို့အဲ့ဒေါက်တာဆီတွန်းပို့နေလဲမသိပေ။

"သခင်ကြီး...မziဆီကဖုန်းလာပါတယ်"

"ဘယ်သူလဲ"

"yanziတဲ့"

"မရှိဘူးပြောလိုက်.....နောက်ပြီး...အလုပ်ကိတ်စနဲ့..ခရီးထွက်သွားတာပြန်မလာသေးဘူးလို့ပြောလိုက်..ဘယ်သူဆက်
ဆက်..ဒီတိုင်းဖြေပြီး...ဖုန်းချလိုက်...ခင်မေ"

"ဟုတ်ကဲ့... သခင်ကြီး "

ပါးက..သူ့ကိုကြည့်နေတာကြောင့်..ထမင်းတစ်လုပ်စားလိုက်သည်...စားလိုက်တဲ့ဟာက..အရသာမတွေ့လှ။

"တွေ့လား..မင်းပြန်ရောက်တာနဲ့..ငွေရဖို့ကြိုးစားနေကြ
တယ်"


"ဘာကိုပြောတာလဲ..ပါး....ကျွန်တော်နားမလည်ဘူး"

"မင်းရှုပ်ထားတဲ့ကိတ်စတွေလေ..Leo..ဆိုးတယ်ဆိုတာ
အတိုင်းအတာနဲ့ဆိုးရတယ်..အခုသားကကိုယ့်ဘဝပျက်စီးမဲ့
ဟာကိုမှဆိုးနေတာ"

"ဗျာ"

ပါးရဲ့စကားကြောင့်..သူ့လက်ထဲမှဇွန်းပြုတ်ကျသွားရသည်
ဘာဿိတ်စတွေပါလိမ့်...ကိုကိုရယ်...အပေါင်းသင်းတွေ
မှားပေါင်းပြီး..အခုဘာတွေဖြစ်နေတာလဲ။

ညနေ(7)နာရီရောက်တော့ခြံထဲကို..ကားဖြူတစ်စီးဝင်လာသည်...ကားပေါ်မှခပ်ချောချောအမျိုးသားတစ်ဉီးဆင်းလာသည်။

ထိုလူ့လက်ထဲမှ....ဆေးအိတ်ကို..ခင်မေက..ကမ်းယူသွားသည်။

"သြော်..သားချုမင်ရောက်ပြီပဲ"

"ဟုတ်ပါတယ်..အန်ကယ်...ဒါနဲ့Leoရောခင်ဗျ"

"အခန်းထဲမှာ..သားချုမင်..အပေါ်တက်သွားလိုက်"

"ဟုတ်ကဲ့..အန်ကယ်"

"မိဝါ..ခင်မေနဲ့အတူ.ဒေါက်တာစားဖို့..ပြင်ဆင်ဉီး"

"ဟုတ်ကဲ့သခင်ကြီး"

ရိပေါ်..ကုတင်ပေါ်မှာစာဖတ်နေတုန်း..မိဝါနဲ့အတူ..ခုနကလူ
ဝင်လာတာမို့...ကုတင်ပေါ်မှ..ဆင်းလိုက်သည်..နောက်တော့သူ့ကို...ထိုဆရာဝန်နဲ့ထားခဲ့သည်။

"နေကောင်းလား...ဟန်နီ"

အချစ်ကတလွဲတ ေချာ်Where stories live. Discover now