part.1

470 21 6
                                    

လေယာဉ်ကွင်းထဲသို့လေယာဉ်ကြီးငြိမ့်ခနဲဆင်းသက်သွားသည်နှင့်သူ့ရင်ထဲမှာသိမ့်ခနဲအေးသွားရသည်.ဒါသူ့မွေးရပ်မြေမဟုတ်ပါလား.သူ့မွေးရပ်မြေနဲ့ခွဲခွာစဉ်ကသူ့အသက်(9)နှစ်သာရှိသေးသည်အဲ့ဒါဆို(china)နဲ့ခွဲခွာခဲ့ရတာ(15)နှစ်ရှိသွားပြီပဲ
ပါးပါးနဲ့မားမားတို့လမ်းခွဲကြစဉ်မှာမားမားကအဘိုးရှိရာ(Landan)ကိုအပြီးပြန်နေမှာမို့သူလိုက်ခဲ့ရသည်:အခုသူ့ကိုမြင်လျှင်ပါးပါးမှတ်မိပါ့မလား.မည်သူ့ကိုမှအသိမပေးပဲသူထွက်လာတာပင်။Landanမှာကျန်ခဲ့တဲ့မားတောင်မှမသိရင်(china)မှာရှိတဲ့ပါးကသိမှာတဲ့လား။
လေဆိပ်ဝင်းထဲမှထွက်စဉ်သူ...လူတစ်ယောက်နဲ့တိုက်မိသည်...ထိုလူ့လက်ထဲမှHanphoneကသူ့ခြေထောက်ရှေ့ကိုပြုတ်ကျသွားသည်။
"sorry"နော်
သူဖုန်းကိုကောက်ကာ...ပိုင်ရှင်ထံပြန်ပေးလိုက်စဉ်...စူးရှသည့်မျက်လုံးစိမ်းကြီးများနှင့်စိုက်ကြည့်နေလေသည့်လူတစ်ယောက်ကိုတွေ့သည်။ဘုရားရေ....!တိုက်မိတာလေးကိုဒီလောက်စိတ်ဆိုးစရာလား။...သူ့အကြည့်တွေကကြောက်စရာကောင်းလိုက်တာ...ဖျက်ခနဲနှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည့်အပြုံးကပင်...အေးစက်စက်နဲ့ရင်တုန်စရာကြီးပါလား။

"မင်းပြန်ရောက်လာပြီပေါ့လေ"

"ဗျာ!"

"ကောင်းတာပေါ့..ဒါမှမင်းနဲ့ငါစာရင်းရှင်းလို့ရမှာ...မင်းအတော်သတ်တိ၊ကြောင်တဲ့ကောင်ပဲ...ကိုယ်လုပ်တဲ့ကိတ်စကိုမဖြေရှင်းဘဲကိုယ်လွတ်ရုန်းပြေးတာအစပျောက်ရော...ဒီမှာ;မင်းသေချာမှတ်ထားလိုက်Leo၊လူဆိုရင်လူစိတ်ရှိရတယ်ကွ"

"ဘာ​တွေလာပြောနေတာလဲ....ကျွန်တော်ဘာတစ်ခုမှနားမလည်ဘူး၊နောက်ပြီးခင်ဗျားကိုလည်း...မသိဘူးနော်"

"ဟင်း..ဟင်း..ဟင်း....ဘာလဲ;ရူးချင်ယောင်ဆောင်မလို့လား...သွားစမ်းပါ..မင်းရဲ့မာယာတွေနဲ့ငါ့ကိုလာမြူဆွယ်မယ်မကြဲနဲ့...ဒီလိုလှည့်စားမှုမျိုးကို...ကိုကိုပဲခံမှာ..ငါ့ကိုဘယ်တော့မှမရစေရဘူး"

ဘုရားရေ...!၊ဒီလူ့စကားကြီးကဘယ်လိုကြီးလဲ...သူခေါ်တဲ့နာမည်က..တလွဲကြီး​ဖြစ်နေတာ..ဘယ်လိုရှင်းပြရပါ့မလဲ..အခုမှchinaကိုပြန်ရောက်တဲ့လူကို...(🤔)တွေနဲ့ကြိုဆိုတာတော့မကောင်းပါဘူး
သေချာသလောက်ကတော့..ဒီလူ..လူမှားနေတာပင်....

အချစ်ကတလွဲတ ေချာ်Where stories live. Discover now