အပိုင်း ၃၃

Start from the beginning
                                    

"ကျွန်တော်ဝယ်လိုက်တာပဲဒီပုံတွေကို အဲဒီအတွက်ပိုက်ဆံကိုမနက်ဖြန်ကြချေပေးမယ်"

"မပေးနဲ့"

"ဘာလို့လဲ"

"လက်ဆောင်ပေးတယ်ပဲသဘောထားလိုက်ပါ"

"မထားနိုင်ပါဘူးကျွန်တော်ကဘယ်သူ့ဆီကမှအလကားမယူတတ်ဘူးလိုချင်တာရှိရင်ကိုယ့်ဘာကိုယ်ပဲရအောင်ဝယ်တယ်"

"အဲတာဆိုလဲဒီပုံတွေအကုန်ငါပြန်ဖြုတ်ယူသွားမယ်"ဆိုပြီးသွားဖြုတ်ဖို့လုပ်နေလျှင်

"ဇွတ်တရွတ်လေးပဲခင်ဗျားက"

"မင်းလဲဇွတ်တရွတ်ပဲလေငါလက်ဆောင်ပေးပါတယ်ဆိုတာကိုမယူပဲဇွတ်ပေးမယ်လုပ်နေတာ"

"ခင်ဗျားပေးချင်ရင်တခြားဟာပေးတခြားဟာတောင်းမယ်အခုဟာတော့ယူလိုက်"

"ဘာတောင်းမှာလဲပေးမယ် ပြော"

"တောင်းဆိုမယ့်သူကဘာမှမပြောရသေးပဲဇွတ်အာမခံနေတာပဲ ခင်ဗျားအတွက်မဖြစ်နိုင်တာဆိုရင်ဘယ်လိုလုပ်မလဲ"

"မဖြစ်နိုင်တာမရှိစေရဘူးမင်းသာပြောကြည့်ပါကွန်း"

"အချစ်"

"ဟင်"

"ခင်ဗျားအချစ် ဟောဒီကပယင်းသွေးသစ်ရဲ့အချစ်တွေလိုချင်တယ်ပေးနိုင်မှာလား"

"မနောက်နဲ့ကွန်းငါအတည်ပြောနေတာကွ"

"ကျွန်တော်လဲအတည်ပြောနေတာပဲခင်ဗျားအချစ်တွေလိုချင်တယ်ခင်ဗျားချစ်သူဖြစ်ချင်တယ်ကုန်ကုန်ပြောမယ်ဗျာခင်ဗျားယောကျာ်း‌လုပ်ချင်တယ်လုပ်ခွင့်ပေးမှာလားပြော ခင်ဗျားအချစ်တွေကျွန်တော့်ကိုပေးနိုင်မှာလားပယင်းအခွင့်ရှိရင်ခင်ဗျားကိုကျွန်တော်ပိုင်ဆိုင်ချင်တယ်ပိုင်ဆိုင်လို့ရနိုင်မလားပယင်း"

"ကွန်း"
ကွန်းကသူ့ကိုစိုက်ကြည့်ပြီးထိုသို့ပြောနေလျှင်သွေးသစ်ကိုယ့်အသားကိုယ်ပြန်ဆိတ်မိနေသည်။ကွန်းကသူ့ကိုအခုချစ်တယ်လို့ပြောလိုက်တာလား။သူစတွေ့ထဲကချစ်ခဲ့ရတဲ့သူကလေ။သွေးသစ်ကိုယ့်အသားကိုယ်ဆိတ်ကြည့်လိုက်တော့ဆတ်ခနဲနာသည်။ဒါအိပ်မက်မဟုတ်ဘူးပဲသွေးသစ်ဝမ်းလဲသာသလိုအံ့လဲအံ့ဩနေသည်။ဒီ‌တစ်ညနေလုံးသူတောက်လျှောက်အံ့အားသင့်နေရသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now