လေဒီယာ သူမအတိတ်ကိုပြန်တွေးချင်ပေမယ့် သူမမှာ အတိတ်ရှိမနေပြန်ပါ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းကနေ ယခုလက်ရှိကာလထိကိုပဲ လေဒီယာသိသည်။ ဘယ်သူဘယ်ဝါ မိဘရှိ
သလား မိသားစုရှိသလား ဆိုတာ ဘာကိုမှ မမှတ်မိခဲ့။ မမပြောပြသလောက်သာ အတိတ်ဟူသောအရာကို သိသည်။ 
မမပြောပြသည့် အရာများသာ
သူမအကြောင်းး။
လေဒီယာစိတ်များရှုပ်ထွေးဝေဝါးလာသည်နှင့် တွေးလက်စအတွေးများကိုဖျက်လိုက်ပြီး ဖုန်းထဲမှ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ကာ မျက်လုံးမှိတ်နား
ဆင်နေလိုက်သည်။

""ပြွတ်စ်......ပြွတ်စ်.......

""ဟင်...မမ....

"ရှူး.....ငါ အိပ်မပျော်ဘူး"

"ဟုတ်....မမအတွက်ဆိုရင် အဆင်သင့်ပါပဲ"

"အိုခေ...ကြိုက်တယ်"

"ပြွတ်စ်..... 

လေဒီယာ သူမ မမ၏အထိအ​တွေ့များကို ကြိုက်နှစ်သက်လှသည်။ မမဟုသာ ခေါ်ရသော အကြောင်းအရင်းကမမနာမည်မသိသောကြောင့်ဖြစ်သည်
မမသည် အာဏာကြီးပြီး သြဇာညှောင်းသော အမျိုးသမီးဖြစ်သည်။ 

ချစ်တယ်လို့ မပြောပါပဲ အကြိမ်ကြိမ်အခါခါ သူမတို့ လိင်ဆက်ဆံဖြစ်ခဲ့ကြသည်။ ချစ်ခြင်းမရှိပဲ မမသည် မကြာခဏ လေဒီယာနှင့် ခန္ဓာကိုယ်ချင်းရောယှက်သည်။ လေဒီယာသည်ဘာ့ကြောင့်မှန််းမသိ မမပြုသမျှ နုသမျှ ယုသမျှအားလုံးကို ငြိုငြင်ခြင်း
မရှိပဲ ပြုစားခံထားရသလို လိုက်နာသည်။မမက အရမ်းလွှမ်းမိုးလွန်းသည်။ လေဒီယာ မိမိကိုယ်ကိုပင် နားမလည်နိုင်လောက်အောင် မမကိုစွဲလန်းသည်။

===========

""မမကြီးအတွက် သတင်းတစ်ခုရလာတယ်""

"ဘာလဲ...ပြောကြည့်"

"ဒီမှာ....ဒါအရင်ကြည့်လိုက်ပါ"

"ပေးစမ်း.....

ကျော်ကြီးလက်ထဲမှ ဖိုင်တစ်ခုကိုဆွဲယူကြည့်လိုက်သည်။

"ဒါ....ဒါ....ဒါက...

"ယွန်းသီရိ"....လို့ပဲထင်ပါတယ်ခဗျ"

"ပြောစရာရှိတာ ဆက်ပြောစမ်း"

"ဟုတ်....ယွန်းသီရိ ဒီမှာရှိပါတယ်...ပြီးတော့ မမကြီးရဲ့ပါတနာလည်း သူနဲ့အတူတူရှိနေပါတယ်"

""ကျွန်တော် စုံစမ်းရသလောက်တော့ လေဒီယာက အတိတ်ကိုမမှတ်မိဘူးတဲ့ဗျာ"...ဒေါ်ယွန်းနဒီရဲ့ အတွင်းလူတွေပြောတာကတော့ လေဒီယာကို လက်သပ်မွေးထားတာတဲ့""

""လေဒီယာ ဆိုတာ....ခင်...ခင်လား""

""သေချာသလောက်ရှိပါတယ်""

""Ok""ဒီလောက်ဆိုလုံလောက်ပြီ လုပ်ငန်းစကြမယ်...လေယာဥ်ပြင်ဆင်လိုက်တော့""

""ဒီကနေ မြန်မြန်ထွက်သွားနိုင်အောင်ပြင်ဆင်ကြ"

"ဟုတ်ကဲ့ခဗျ"

ကျော်ကြီးထွက်သွားတော့ နှင်း ဖေဖေပေးထားသော အရေးပေါ်ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည်။ 

ဖုန်းအတန်ကြာအောင်ပြောပြီးသည့်နောက်.....နှင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ....

""ယွန်းသီရိ...နင့်ဘဝကို စုတ်ပြတ်သတ်အောင်လုပ်ဖို့ ငါရောက်လာပြီ"

""ကိုယ့်အသက်ကို ဖက်နဲ့သာလုံအောင်ထုပ်ထားပေတော့...ဟင့်""

""နှင်း...ဘာတွေရွတ်နေတာလဲ"

"ဘာရယ်မဟုတ်ပါဘူး....အိမ်ပြန်ရတော့မယ်ဆိုတော့ အပျော်ဆွတ်နေတာ"

"ဟမ်...ခင့်ကိုဖြင့်....

"လူတွေ့နေပြီပဲ ဘာလိုသေးလို့လဲ မြရယ်"

"နှင်း ဆိုလိုတာက.....

"အနုနည်းနဲ့ရမှာမဟုတ်လို့ အကြမ်းနည်းနဲ့ ခင့်ကို ပြန်ခေါ်မလို့"

"မြ အထုပ်ပြင်ထားလိုက်တော့"

"နှင်းရယ် ဘာတွေလျှောက်လုပ်အုံးမလို့လဲ...သူများနိုင်ငံမှာ ပြသနာတွေတက်ကုန်ပါလိမ့်မယ်"
"ပြီးတော့ ဒီနိုင်ငံက ဆက်ဆက်ထိခံတာမဟုတ်ဘူး"
"ခင့်ကို နည်းနည်းလောက်ထပ်ချဥ်းကပ်ကြရင်မကောင်းဘူးလား"
"ခင် ကျမတို့ကို ပြန်သတိရသွားနိုင်ပါတယ်"

"ကျမ လွမ်းနေခဲ့တာ ၂နှစ်ရှိပြီ...ထပ်ပြီး ခင်နဲ့ မဝေးချင်တော့ဘူး...ခင်ဘာဖြစ်သွားတာလဲဆိုတာကို ဟိုရောက်မှအဖြေရှာမယ်"

""ဘာလဲ....မြက ခင့်ကိုပြန်မခေါ်ချင်တာလား"

"မ..မဟုတ်ပါဘူးနှင်းရယ်...မြက စိုးရိမ်လို့ပါ"

"မစိုးရိမ်ပါနဲ့.... Lady roseဆိုတဲ့မိန်းမက မပိုင်ရင်ဘာမှမလုပ်ဘူး" မြ ကျမအကြောင်းသိပါတယ်"

"မြ ဒီမှာပဲ အထုပ်ပြင်ပြီးအဆင်သင့်စောင့်နေ...ကျော်ကြီးလူတစ်ယောက် မြကို လာခေါ်လိမ့်မယ်...

"နှင်းက ဘယ်သွားမလို့လဲ....

"ဘယ်သွားရမှာလဲ...ဟိုမသာမနဲ့ စာရင်းသွားရှင်းရမှာပေါ့"




မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now