အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )

Start from the beginning
                                    

" ဟုတ်ကဲ့... "

ရှုချန်းသည် အစ်ကိုဝမ်၏ ပုခုံးအား အသာပုတ်လိုက်ကာ " မြန်မြန် ပြန်ကောင်းတော့ဗျာ... "

" ကျေးဇူးကွာ ညီကို ချန်း... "

ရှုချန်း ဆေးရုံထဲမှ ထွက်လာရာ သူ့ ရဲကား နံဘေးတွင် ပြိုင်ကား တစီး ရပ်ထားသည်ကို တွေ့လိုက်ရ၏။ ထိုပြိုင်ကား ဘေးတွင်တော့ ဆရာ လင်းနှင့် လင်းတုန် သည် ရှုချန်းအား လက်မ ထောင်ပြနေသည်။

" မြောက်ပိုင်းတံခါးဝ သားရဲတွင်းကို မင်း ဝင်မွှေသွားတာ ငါ ကြားတယ်... အခုတော့ ရှန်ချန်းမြို့က တခြား တံခါးဝ သုံးခုပါ မင်း အကြောင်း ကြားနေကြပြီ... မြောက်ပိုင်းတံခါးဝကို မင်း အကြီးအကျယ် ဒုက္ခပေးလိုက်တာပဲ... မင်းတော့ ဒုက္ခကြီးကြီး ရောက်ပြီ... "

ရှုချန်းက ဂရုမစိုက်ဟန်ဖြင့် " ဘာဖြစ်လဲဗျာ... "

" မြောက်ပိုင်းတံခါးဝ ခေါင်းဆောင် ကိုယ်တိုင် မင်းကို အပြစ်ပေးမယ်လို့ ကြားတယ်... "

ဆရာလင်းက ပြောလိုက်၏။

" ဘာ... မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်လား.... "

" ဟုတ်တယ် သူက မြောက်ပိုင်းတံခါးဝ တည်ထောင်သူလေ... သူက ကိုယ်ခံပညာ ကျွမ်းကျင်သလို တပည့်တပန်းလည်း များတယ်... ဒါပေမဲ့ ဂိုဏ်းကိစ္စတွေထဲ သိပ်ပြီး ဝင်မပါဘူး... ဒါပေမဲ့ မြောက်ပိုင်းတံခါးဝ ကို ဖျက်သိမ်းဖို့ ပြောလိုက်တာက သူ့ သိက္ခာကို အတော်ထိသွားတယ်... ပြီးတော့ မင်းကို သတိပေးစရာ ရှိတယ်... သေမင်းတမန် ထိုးသတ်ပွဲ စိန်ခေါ်တဲ့ အခါကျရင် လက်မခံနဲ့... ငါ ပြောတာကို လုံးဝ မမေ့နဲ့... "

" သေမင်းတမန် ထိုးသတ်ပွဲ စိန်ခေါ်တာ ဟုတ်လား.... ဘာလဲ... "

ရှုချန်း သိလိုစိတ်ဖြင့် မေးလိုက်သည်။

ဆရာလင်းက " အဓိကကတော့ မကျေနပ်လို့ စိန်ခေါ်ထိုးတဲ့ ပွဲမျိုးပဲ... တရားဝင် မဟုတ်ပေမဲ့ ဒီပွဲ နောက်ကွယ်မှာ အင်အားကြီး ဂိုဏ်းတွေ ရှိနေတော့ အစိုးရကလည်း မျက်နှာလွှဲထားရတာပေါ့... အခု သိရသလောက်တော့ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်က မင်းကို စိန်ခေါ်မယ် ကြားနေတယ်... မင်းရှုံးရင်တော့ မြောက်ပိုင်းတံခါးဝက သူတို့ အာဏာ ရှိသေးကြောင်းကို ပြနိုင်တာပေါ့... ဘာပဲဖြစ်ဖြစ် မင်း လုပ်လိုက်တဲ့ ကိစ္စက မြောက်ပိုင်းတံခါးဝကို ဗြောင်းဆန်သွားတာပဲ... "

နတ်နဂါးစစ်သည်Where stories live. Discover now