""တူ...တူ...တူ...တူ.."

"ဟင်...

ဖုန်းသံတုန်ခါမှုကြောင့် နှင်းလန့်နိုးလာသည်။ မြည်နေသောဖုန်းကို ယူကြည့်လိုက်တော့ နိုင်ငံခြားဖုန်းနံပါတ်ဖြစ်ဟန်တူသည်နှင့် ကောက်ကာငင်ကာကိုင်လိုက်သည်။

""ဟယ်လို""

''မမကြီး ကျွန်တော် သတင်းထူးတယ်ထင်လို့ ခေါ်နေတာဗျ"
''အိပ်တာအနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်'''

""ဘာ..ဘာ သတင်းထူးသလဲဆိုတာသာ အရင်ပြောစမ်း""

''ကျွန်တော် mailနဲ့ ပုံပို့လိုက်မယ်...မမကြီးတစ်ချက်ကြည့်ကြည့်လိုက်ပါ''

""Okလေ""

နိုင်ငံခြားမှဖြစ်၍လားမသိ mailအဝင်ကိုစောင့်နေသည်မှာ နှစ်မိနစ်ခန့်ကြာသည်။ ထိုနှစ်မိနစ်ကိုပင် နှင်းတစ်ယောက်၂နှစ်လောက်ကြာသည်ဟုပင် ခံစားရသည်။ စိတ်ထဲတွင်လည်း မျှော်လင့်ထားသည့်အဖြေဖြစ်ပါစေဟူ၍ ဆုတောင်းနေမိသည်။

"ting..

အသံမြည်သည်နှင့် ဖုန်းကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ဝင်လာသော ပုံကို မျက်တောင်ပင် မခက်ပဲပြူးပြဲကြည့်နေမိသည်မှာ ၁မိနစ်ခန့်ကြာသည်။ မြင်တွေ့လိုက်ရသော ပုံကြောင့် နှင်းတစ်ယောက် ထိတ်လန့်သွားကာ.........

!!!!မြ....မြ....!!!!!!

!!မြရေ လာကြည့်ပါအုံး!!

!!မြ!!!!!

နှင်းတစ်ယောက် အာခေါင်ပင်ကွဲမတတ်အော်ခေါ်နေလေသည်။ညသန်းခေါင်မို့ နှင်းအသံမှာ ထင်ထင်ရှားရှားဟိန်းထွက်လျက် ကျယ်လောင်နေသည်။

""ဟမ်...ဘာ...ဘာ...ဘာဖြစ်တာလဲ"

အိပ်ခန်းထဲသို့ အိပ်ချင်မူးတူးနဲ့ ပြေးဝင်လာကြသော ကြီးတင်၊ မိအေးနှင့် မြတို့ကို ကြည့်ကာ နှင်းတစ်ယောက်ရှိုက်ကြီးတငြင်ငိုတော့သည်။

""ဘာဖြစ်တာလဲ သမီး""

"ဘာဖြစ်လို့လဲ နှင်း...ပြောစမ်း"

"ဒါ...ဒါ....ဒါက ခင် မဟုတ်လား"

"ဟင်...ပြစမ်း"

ဖုန်းထဲက ပုံကို မြတို့သုံးယောက် အိပ်ချင်စိတ်ပင်ပြေသွားကာ ပြူးကြည့်လိုက်ကြသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now