1

214 47 33
                                    

တိတ်ဆိတ်ငြိမ်သက်နေသည့်အခန်းကျယ်ထဲရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာသည့်ringtone သံအဆုံး အိပ်မောကျနေ‌ရာမှလန့်နိုးလာရသည်။ အချိန်ကား ည12နာရီဝန်းကျင်ရှိပြီဖြစ်၏ ငါးကြိမ်မြောက်ဖြစ်သော missed call notiတွေအားကြည့်လိုက်ကာသက်ပြင်းရှည်တစ်ချက်ချလိုက်သည် ဖုန်းပြန်ခေါ်ရန်လုပ်နေစဉ်တစ်ဖန်ပြန်ဝင်လာသောဖုန်းကောလ်ကြောင့်ချက်ချင်းကိုင်လိုက်မိသည်။

*ဟယ်လို*

*Heyy ငါ့ကိုလာခေါ်ပေးနိုင်မလား ငါ.....အစ်* အရမ်းမူးနေပြီ *

တစ်ဖက်ကလူ၏အသံမှာဝဲနေပြီးအတော်သောက်ထားပုံရသည် အစကသူငြင်းလိုက်မလို့ပင် သို့သော်သူမှသွားမခေါ်လျှင်ထိုအမူးသမားကိုမည်သူမျှအိမ်လိုက်ပို့မည်မဟုတ် လမ်းဘေး၌မူးရူးကာသူမလာမချင်းစောင့်နေမည်မှာအသေချာပင်။

နာရီဝက်အတွင်းလာခဲ့မယ် ဒီတစ်ခါတကယ်နောက်ဆုံးပဲ!!

သူ့စကားအဆုံးတွင်တစ်ဖက်မှဖုန်းကျသွားပြီဖြစ်သည် ထိုအမူးသမားကြားလိုက်လား မကြားလိုက်လား မသေချာ အပေါ်coatအားထပ်ဝတ်၍ကားစက်နှိုးကာထွက်လာလိုက်သည်။

အမူးသမားကင်မ်ထယ်ယောင်းကသူဧ။်အခန်းဖော်ဖြစ်သည် သူတို့နှစ်ယောက်လုံးမှာကောလိပ်နောက်ဆုံးနှစ်ဖြစ်ပြီး ကျောင်းဝန်းအတွင်းအဆောင်မရသောကြောင့် အပြင်ဘက်‌တွင်အိမ်အတူငှားနေခြင်းဖြစ်သည် ဈေးကြီးသော်လည်းနှစ်ယောက်လုံး၏မိဘများမှာတတ်နိုင်သည့်အပြင်သူတို့ဧ။်အချိန်ပိုင်းအလုပ်များကြောင့်ခံသာသည်ဟုပြောရမည်ကောလိပ်ဝန်းအတွင်း မဟုတ်တာကြောင့် ကင်မ်ထယ်ယောင်းတစ်ယောက် ကြိုက်သလိုအပြင်ထွက်လို့ရနေသည် သို့သော် သူဘယ်တော့မှအပြင်မှာအိပ်လေ့မရှိ နည်းလမ်းအမျိုးမျိုးဖြင့်သူတို့အိမ်ဆီသို့သာပြန်အိပ်သည် ထိုနည်းလမ်း‌ေတွထဲကမှတစ်ခုကတော့အခုလိုသူ့အားဖုန်းဆက်ကာလာခေါ်ခိုင်းခြင်းဖြစ်သည် ကင်မ်ထယ်ယောင်းမိဘတွေနဲ့သူ့မိဘတွေဟာအလွန်ကိုမှရင်းနှီးတာကြောင့်သူတို့နှစ်ယောက်ကလည်းငယ်ငယ်တည်းကရင်းနှီးခဲ့ကြသည် သို့သော်သူတို့၏ personalityမှာလုံးဝဆန့်ကျင်ဘက်ဖြစ်သည် typeလုံးဝမတူသောသူတို့နှစ်ယောက်ကြားပြသနာခနခနတက်ကြသည်မှာအဆန်းတော့မဟုတ်ပေ။

You've reached the end of published parts.

⏰ Last updated: Feb 29 ⏰

Add this story to your Library to get notified about new parts!

Love twist (Vope)Where stories live. Discover now