"ဘယ်သိမလဲ...ညည်းလင်ပြန်လာမှမေး...အခုတော့ထမင်း
ကြမ်းလေးစားလိုက်ဦး"

"မစားဘူး...မစားဘူး...မောင့်ကိုစောင့်မှာ"

"အေး မစားနဲ့...အငတ်နေ၊ အမလေး!ပူလိုက်တာဟယ်၊သူ့
ပြောနေရတာနဲ့...ဟင်း"

.................

"အခုမြင်နေရတာကို ကြက်ဝိုင်းလို့ခေါ်တယ်ကွ...အညာဒေ
သနဲ့တောရွာတွေမှာတော့ ကြက်ဝိုင်းက မထူးဆန်းပေမဲ့၊မောင်ရင်ရဲ့ အမြင်မှာတော့ ထူးဆန်းနေမှာပေါ့"

မိန်းမကို ဘုန်းကြီးကျောင်းသွားပြီး ပျိုးပင်သွားကြည့်မယ်လို့
ပြောတဲ့ဘထွေးကတော့ ကုသိုလ်နဲ့အကုသိုလ်..ပြဒါးတစ်
လမ်း...သံတစ်လမ်းဖြစ်တဲ့ ကြက်ဝိုင်းကိုရောက်ရှိနေပြီး အမိန့်စည်းကိုပါ ကျကျနနသင်ပြနေလေရဲ့။

အိမ်ကမိန်းမသိရင် ငရုတ်ကျည့်ပွေနဲ့ အဆော်ခံရမဲ့ကိန်းပေ
မဲ့ ကိုယ့်ဆွေမျိုးဖြစ်လာတဲ့ သူဆိုတော့လည်း သိသင့်သိထိုက်
တာတော့ သင်ပေးရမှာက လူကြီးသူမတွေရဲ့ထုံးစံတစ်ခုပဲ
လေ။

အမိန့်ကတော့ ဘထွေးပြောတာကို အင်းမလုပ်အဲမလုပ်နှင့်
ခပ်တည်တည်နှင့်သာ ဘထွေးကိုတစ်လှည့် ကြက်ဝိုင်းကိုတစ်
လှည့်သာကြည့်နေလေ၏။

"ဟိုမှာတွေ့လား....သူတို့ကိုင်ထားတဲ့ တစ်ဖက်တစ်ချက်စီက
ကြက်ထီးနှစ်ကောင်...အမောက်ကိုရဲလို့...ကြက်တွေကိုမခွပ်
ခိုင်းခင် အသေအချာပြုစုပျိုးထောင်စောင့်ရှောက်ပြီးမှ ပြိုင်ဖို့
အတွက်သီးသန့်လက်ရွေးစင်တွေရွေးထားတာ...ခဏနေပွဲစ
လိမ့်မယ်...မောင်ရင် စောင့်ကြည့်"

ကြွားဝါဝင့်ထည့်၍ တုတ်ခိုင်သန်စွမ်းလှပါတဲ့ ကြက်ထီးကြီးနှစ်
ကောင်ကညာသံပေးကာ ရန်ထောင်နေကြသည်မှာ တရှူးရှူး
တရှဲရှဲ၊ ကြက်ပိုင်ရှင်တွေမှာလည်း သူထက်ငါအပြိုင် ကိုယ့်
ကြက်သူကြက်ကို ချီးမွန်းထောပနာတွေပြုကာပြုကာဖြင့်
ပါးစပ်ထဲရေငုံ၍ ကြက်ခေါင်းကိုမှုတ်ကာတစ်မျိုး နှိပ်နှယ်ပေး
ရတာတစ်မျိုးနှင့်အလုပ်ရှုပ်နေကြကာ တစ်ဖက်က ကြက်ပိုင်
ရှင်ကိုလည်း ခပ်ပြေပြေလေး သွေးစမ်းကာ စကားစစ်ထိုးနေ
လေ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now