သူစကားအဆုံးပင်မစောင့်ပဲ ရိုးလေးက စိုးရိမ်စိတ်တွေအ
ပြည့်နဲ့ ရစ်မိုးနေတဲ့ မျက်ဝန်းလဲ့လဲ့တွေနှင့် ခေါင်းကိုတွင်တွင်
ခါကာ စိတ်မောရင်မောဇောစိတ်ဖြင့် တွင်တွင်မေးပါတော့၏။

"ရိုးလေးရဲ့ယောက်ျားလား...ဒီမနက်အစောကြီး နင့်ဘထွေး
နဲ့အတူတူထွက်သွားလေရဲ့"

"ဘယ်ကိုလဲ...ဘယ်ကိုထွက်သွားတာလဲ၊ ဘထွေးကကော
ဘာလို့လိုက်သွားတာ...မောင်က ပြန်လိုက်ပို့ခိုင်းလို့လားဟင်
ပြောပါအရီးလေးရဲ့"

ထမင်းအိုးဌဲ့နေတဲ့ သူရဲ့အနားအား ထိုင်ချကာ အပူလောင်
မည်ကိုပင်မကြောက်ပဲ မျက်ရည်တွေပင်ဝိုင်းလာသည့် ရိုး
လေးကိုကြည့်ကာ သူ့လင်ကိုတော့ သိပ်ချစ်ရှာပါလားဟု
မှတ်ချက်ချလိုက်မိပါ၏။

"ဟိုဘက်နည်းနည်းတိုးပါဦးရိုးလေးရယ်..ထမင်းရည်တွေစင်
ပြီးအပူလောင်နေပါမယ်"

"လောင်ပါစေ...မောင်ဘယ်ကိုသွားတာလဲလို့အရီးလေး"

"အမလေးတော်...အကဲပိုနေလိုက်တာ...နင့်ဘထွေးကရွာက ဘုန်းကြီးကျောင်းကို သွားရင်း ပျိုးပင်တွေလိုက်ပြမယ်ဆို
လို့ ရှင်လေးရဲ့လင်တော်မောင်က လိုက်သွားတာပါတယ်
တော်...ကဲ ရပြီလား"

"ဟင့်အင်း...မရသေးဘူး"

"ဟော်တော်...ဒါဆို ကျုပ်ကဘယ်လိုထပ်ဖြေရမတုန်း"

"ဘယ်ချိန်ပြန်လာမယ်ပြောသွားသေးလဲ၊ မောင် အဆာပြေ
ကောစားသွားသေးလား၊ အရီးလေးကလည်း ရိုးကိုနိုးလိုက်
တာမဟုတ်ဘူး...မောင်နောက်ကို ရိုးလည်းလိုက်မှာပေါ့"

"အရေးထဲ...မောင်နောက်လိုက်ခဲ့မယ်လုပ်ချင်နေသေးတယ်
သူတို့က ကုသိုလ်နဲ့ကောင်းရောင်းကောင်းဝယ်သွားလုပ်ကြ
တာ အိမ်မှာပဲ ငြိမ်ငြိမ်စောင့်နေစမ်းပါ...သူတို့ပြန်လာမှ ရိုး
လေးတို့ရွာကိုသွားပေါ့"

ချက်ချင်းကြီး မျက်နှာဆူပုတ်သွားကာ ကျချင်လုလုမျက်ရည်
တွေကို အကျီလက်ရှည်စလေးနဲ့ သုတ်ကာ စိတ်ကောက်နေ
တဲ့အမူအရာလေးဖြင့် အရီးလေးကို ခိုးကြည့်ကာရယ်။

"မောင်ကလည်းလေ ဘယ်နေရာသွားမလဲပြောသွားပေါ့၊အခု
တော့ ဒီကစိတ်ပူလိုက်ရတာ...ကိုကို့ကိုပါ ခေါ်သွားတာမ
ဟုတ်ဘူး...ဘာလို့မခေါ်သွားတာလဲလို့..ဟင့်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now