Part-17

163 6 0
                                    

"ဝိုင်း ထတော့ ညနေစောင်းနေပြီ"
လှုပ်ခက်နှိုးသံကြောင့် ဝိုင်းနိုးလာ၏

"အကို ပြန်ရောက်ပြီလား ကျုပ်ပြောစရာရှိလို့"

"ဝိုင်းလည်ပင်းက ဘာဖြစ်လို့နီနေတာလဲ"

အကျိုးအကြောင်းအားလုံးကို ဝန်းရံအား ပြောပြ၏၊ ဝန်းရံမှ ဝိုင်းကို သိုင်းဖက်ကာ ဝိုင်း၏နဖူး သို့နမ်းလိုက်သည်။

"ဝိုင်းနောက်တစ်ခါ အကိုမပါပဲ ဘယ်မှမသွားနဲ့တော့ ဒေါ်လေးခိုင်းရင်လဲ အကိုပါလိုက်ခဲ့မယ်"

"အကို ကျုပ်နောက်တစ်ခုမှာထားရဦးမယ် ကျုပ်နဲ့ဇော်ခိုင်က မိတ်ဆွေသူငယ်ချင်းဆိုတာထက် ဘာမှမပိုဘူး အဲ့တာကို အကိုတစ်မျိုးမထင်စေချင်ဘူး"

"အကိုတစ်မျိုးထင်တာ ဝိုင်းကို ချစ်လို့ပါ"

"အပိုတွေပြောနေပြန်ပြီ ဒီမောင်ကြီးကတော့"

"ဝိုင်း အကို့ကိုဘယ်လိုခေါ်လိုက်တယ် မောင်ကြီး ဟုတ်လား"

"အော်••••အဲ ကျုပ်ရေသွားချိုး လိုက်ဦးမယ်"ဟုပြောကာ အခန်းအပြင်သို့ ထွက်သွား၏

ဝိုင်းရေမိုးချိုးပြီးနောက် ထမင်းစားရန်အိမ်အောက်ထပ်မှ ဒွေးလေးနှင့်အတူ ဝန်းရံအားစောင့်နေ၏ အကိုဝန်းရံတော့ ရေချိုးပြီး အင်္ကျီလဲနေလို့ စောင့်နေ၏၊ဒေါ်လေးကိုတော့ အိမ်တွင်မတွေ့၊

"ဒွေးလေး ကျုပ်ပြစရာရှိလို့ "

အရီးသောင်းပေးလိုက်သော ဓားအားဒွေးလေးကိုထုတ်ပြလိုက်၏

"ဒီလိုဓားမျိုး ကျုပ်တို့အိမ်မှာမြင်ဘူးလား‌ ဒွေးလေး"

ဒွေးလေးဓားမြှောင်ကို သေသေချာ‌ချာကြည့်ပြီး

"ဒီဓားက မသောင်းရဲ့ဓားမလား မြေးရဲ့"

"ဒွေးလေးက အရီးသောင်းရဲ့ဓားဘယ်လိုလုပ် တန်းသိတာလဲ"

"ဒီမှာလေ ဓားမှာ 'သောင်း' လို့ရေးထားလို့လေမြေးရဲ့ ဒေါ်လေးမှာလဲ ဒီလိုဓားမျိုးတစ်လတ် ရှိတာ ဒွေးလေး မြင်ဘူးတယ် 'အုန်း' ဆိုတဲ့အမည်နဲ့"

ဒွေးလေးလက်ထဲမှ ဓားကိုပြန်ယူ၍ ပုဝါဖြင့်ပြန်စည်းထား၏

"ဝိုင်းနဲ့ဒွေးလေး စောင့်ရတာကြာသွားပြီလား"

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ