Part-4

303 10 0
                                    

ဒီနေ့တော့ ဝိုင်းနှင့် ဝန်းရံ ကျုံတုံးမဟာမြတ်မုနိ ဘုရားကြီးအားသွားဖူးရန် ရွှာလမ်းအတိုင်းလျှောက်လာခဲ့သည်၊ ဇီဇဝါနှင့်ဖိုးရွဲလဲ ပါသည်၊ဇီဇဝါ နှင့် ဖိုးရွဲတို့ မောင်နှမက ရှေ့ကသွား၍ ဝိုင်းနှင့်ဝန်းရံ နောက်မှ စကားပြောရင်း ရယ်ရယ်မောမောဖြင့်
လိုက်လာသည်၊

"အကို ကျုပ်ဖြင့် ငယ်ငယ်က ဒီဘုရားကြီးကို ဘွားဘွားနဲ့အတူလာဖူးရင် ကြောက်လို့ မျက်စိကိုစုံမှိတ်လာတာ"
"ဘုရားကြီးကို ကြောက်ရတယ်လို့ ဝိုင်းရယ်"
"ကျုပ်က ဘုရားကြီးကို ကြောက်တာ မဟုတ်ပါဘူး ဘုရားကြီးရဲ့ ဘေးပတ်လည်မှာ ငရဲခံနေရတဲ့ပုံတွေ ကို ပြထားတော့ ကျုပ်ကကြောက်တာပေါ့"
"ခုရော ကြောက်သေးလား"
"အခုတော့ မကြောက်တော့ပါဘူး  ပြောရင်း ရောက်တော့မယ် ဒီမှာထဲက ဖိနပ်ချွတ် ပေး ကျုပ်ကို အကို့ဖိနပ်"
"နေပါစေ ဝိုင်းရဲ့ အကို့ဘာကိုင်ပါ့မယ်"
"ပေးပါ အကိုရဲ့ ကျုပ်ကိုင်ပေးပါ့မယ် အကိုကကျုပ်ထက်အကြီး ကျုပ်ငရဲမကြီးပါဘူး အကို့ကိုပြောရင်း ဟိုမှာ ဇီဇဝါနဲ့ဖိုးရွဲတောင် ဘုရားကြီးကျောင်းထဲ ဝင်သွားပြီ လာ မြန်မြန်သွားရအောင်"

ဝိုင်းက သွက်သွက်လျှောက်သွားသဖြင့် ဝန်းရံအနောက်မှ အမြန်လိုက်ရသည်၊ ဝိုင်း၏ ပြောပုံဆိုပုံကို ဝန်းရံသဘောကျနေမိသည်။
ဘုရားကြီးရှိရာကျောင်းဆောင်ထဲသို့ ဝိုင်းနှင့်ဝန်းရံ ဝင်သွားသည်၊ ဘုရားကြီးမှာ အင်မတန် သပ္ပာယ်ဖို့ကောင်းသည်၊
ဝိုင်း ထိုင်ပြီး ဘုရားရှစ်ခိုးနေသည့်ဘေးမှာ ‌ဝန်းရံက ဝင်ထိုင်၍ ဘုရားကြီးအား ရှစ်ခိုးသည်၊

"ဝိုင်း ဘာတွေ ဆုတောင်းနေတာလဲ"
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူးအကိုရယ် တကယ်လို့ အတိတ်ဘဝက ဝဋ်ကြွေးများပါလာရင် ဒီဘဝနဲ့တင်ကျေပါစေ လို့ပေါ့"
"ကျုပ်ကိုပဲပြောနေတယ် အကိုရော ဘာတွေဆုတောင်းလဲ ဧကန်န ဒီရွှာသူလေးလဲ နီးစပ်ပါစေလို့များ ဆုတောင်းလိုက်တာလား"
ဝန်းရံရှက်၍ပင် ပြုံးနေမိသည်၊
"အကို့ဆုတောင်းပြည့်ဖို့က အကိုနဲ့ နီးတဲ့လူမှာ တာဝန်ရှိတယ်"
ဝိုင်းဘာကြောင့်မှန်းမသိ ဝန်းရံ၏ အကြည့်များကိုပင် ရှက်သလိုလို ရင်ခုန်သလိုလိုပင်ဖြစ်မိသည်။

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Where stories live. Discover now