Part-3

349 12 0
                                    

ဝန်းရံ စားဖို့ မနက်/ည ဟင်းကိုတော့ လေးမြဆွေတို့အိမ်က လာပို့ပေးသည်။ဝိုင်း နှင့် ဒေါ်လေးက မပို့ပါနဲ့ အိမ်မှာပဲကျွေးမည်ဟု ပြောသော်လည်း ပြောမရ၍ ထမင်းတော့
မပို့ပါနဲ့ ပို့ချင်သပဆို ဟင်းပဲ ပို့ပါဟု ပြောရသည် ၊ဝန်းရံ ရောက်ထဲက ဒေါ်လေး အဆူအငေါက်သိပ်မရှိ၊ ဒေါ်လေးက တစ်နေကုန် ယင်းရုံထဲမှာပဲ နေတက်သည်၊၊ ဒွေးလေး ချောင်းတဟွတ်ဟွတ်နဲ့မို့ ဒွေးလေးကို ထမင်းမချက်ခိုင်းပဲ ဒီနေ့ဝိုင်းကိုယ်တိုင် ထမင်းချက်နေသည်၊ ဟင်းကိုတော့ ဝိုင်းချက်တက်သော ဘိုကိတ်ပဲအကိုငပိုးနှပ် သာ၊ အကိုဝန်းရံ မစားနိုင်လဲ လေးမြဆွေတို့ ဟင်းပို့ပေးမှာမို့ စိတ်ပူစရာမလို ။

"ဝိုင်း ဘာတွေချက်နေတာလဲ"
"အော် အကို အစောကြီးရှိ‌သေးတယ် နိုးနေပြီလား ညကကောင်းကောင်း အိပ်ပျော်ရဲ့လား"
"အကို အိပ်လို့ပျော်ပါတယ် ဒါနဲ့ ဝိုင်းညက အိပ်မပျော်ဘူးလား "
"အိပ်ပျော်ပါတယ်အကိုရဲ့ ဘာဖြစ်လို့လဲ"
"အော် ဘာမှမဖြစ်ပါဘူး "

ဝန်းရံတစ်ယောက် ခနတာ ငေးငိုင်သွားသည်
ညကတစ်ရေးနိုး သီချင်းညည်းသံ သဲ့သဲ့ကြားသဖြင့် ခြင်ထောင်ထဲမှ ကြည့်မိရာ ပြတင်း‌ပေါက်နားမှာ လူတစ်ယောက် မတ်တက်ရပ်နေသည့် ပုံရိပ်ကိုမြင်နေရသည်၊သီချင်းဆိုသံမှာလဲ ထိုလူဖြစ်မည်ဟု ထင်မိသည်၊ ထိုလူမှာလဲ ဝိုင်း ဖြစ်လိမ့်မည်ဟု ယူဆမိသည်။

"အကို ဘာတွေတွေးနေတာလဲ ဒီနေ့ ဒွေးလေး ချောင်းတစ်ဟွတ်ဟွတ်နဲ့မို့  ကျုပ်ကိုယ်တိုင် ချက်နေတာ ထမင်းအိုးတော့ ကျသွားပြီ ဟင်းချက်ဖို့ပဲ ကျန်တော့တယ် အကို ဗိုက်ဆာရင် စားပွဲပေါ်က အုပ်ဆောင်းအောက်မှာ ဆီထမင်းပူပူလေး ရှိတယ် ဇီဇဝါတို့ အိမ်က လာပို့ထားတာ "
"ဝိုင်းရော မစားသေးဘူးလား အကိုနဲ့အတူ တစ်ခါထဲစားပါလား"
"အကို မျက်နှာသစ်ပြီးရင် လှမ်းခေါ်လိုက်လေ"

ခနအကြာမှာ ဝန်းရံခေါ်သံကြားရသဖြင့် ဝိုင်းမီးဖိုချောင်ထဲမှထွက်လာသည်၊ ဆီထမင်းပူပူလေးကို နှမ်းထောင်းလေးဖြင့်တို့စားနေကြသည်။

"ဝိုင်းက ဟင်းချက်နေတယ်ဆိုတော့ ဘာဟင်းတွေ ချက်နေတာလဲ"
"ကျုပ်က ဟင်းမချက်တက်ပါဘူး ဟင်းဆိုလို့ ဘွားဘွားသင်ပေးခဲ့တဲ့ ဘိုကိတ်ပဲအကိုငပိုးနှပ်ပဲ လုပ်တက်တာ "
"အကိုငပိုးနှပ် အကိုဖြင့်မကြားဘူးပါဘူး"
"အကိုဘယ်ကြားဖူးမလဲ ဒါက ကျုပ်တို့အိမ်က ရာဇဝင်ဟင်းလေ "
ဆီထမင်းစားလိုက် ရေနွေးသောက်လိုက်နှင့် ဝိုင်းပြောနေခြင်းဖြစ်သည်။
"အကို့ကိုရှင်းပြပါဦး အဲ့ရာဇဝင်ကို"
"အထူးအဆန်းတော့မဟုတ်ပါဘူး အကိုရယ် ကျုပ်အဘွားရဲ့ အကိုနမည်က အကိုငပိုးတဲ့ ဘွားဘွားတို့ငယ်ငယ်တုန်းက ဘွားဘွားရဲ့ မိဘတွေ လယ်ထဲကိုင်းထဲသွားရင် အိမ်မှာ ဘွားဘွားနဲ့သူ့အကိုပဲကျန်ခဲ့တာ အဲ့တုန်းကဒွေးလေးတောင် မမွေးသေးဘူးတဲ့ ဘိုးလေးငပိုးက ဘွားဘွားကို နေတိုင်း ဘိုကိတ်ပဲကြီးနှပ်ကျွေးလို့ အရပ်ထဲကလူတွေက ဘွားဘွားကိုဘာချက်လဲမေးရင် ဘွားဘွားက အကိုငပိုးနှပ် အကိုငပိုးနှပ်လို့ပြောရင်း ဘိုကိတ်ပဲအကိုငပိုးနှပ် ဖြစ်သွားတာပဲ"

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Kde žijí příběhy. Začni objevovat