ကဆုန်လပြည့်
ဒီနေ့တော့ ညနေညောင်ရေသွန်းရန်အတွက် တိုက်ကျောင်းရှိ ညောင်ပင်ကြီးဆီသို့ ဝိုင်းတို့ရောက်နေ၏ ရာဇမတ်ကွက် ယပ်သူကယက်၊သာကူများကျိုသူက ကျိုနေ၏ ဝိုင်းကတော့ ညောင်ပင် ပတ်ချာလည်ကို တံမြတ်စည်းလှဲနေ၏ ။
"ဝိုင်း ငါ့အကိုကို တွေ့မိသေးလား"
"ကျုပ်မတွေ့မိဘူး အခုနတော့ ငှက်ပျောပင်ခုတ်နေတာတွေ့တာပဲ"
"ဘယ်တွေလျှောက်သွားနေပြန်ပြီလဲ မသိပါဘူး ဒီအကိုတစ်ယောက်နဲ့တော့"
"နင့်အကိုက ကလေးလဲ မဟုတ်တော့ဘူး ဒီလောက်လဲ စိတ်ပူမနေနဲ့ !! လာ ကျုပ်တို့ဟိုဘက်နားသွားရအောင်"
အား!!
"ဟက်ဝိုင်း ဘာဖြစ်တာလဲ ထ ထ"
"ကျုပ် ခြေခေါက်ပြီး လဲသွားတာ အား!! ဇီဇဝါ ကျုပ်ခြေထောက်လေခိုသွားပြီနဲ့တူတယ်"
"ငါထူပေးမယ် ငါ့ပခုံးကိုဖက်လိုက် ဝိုင်း" ဇော်ခိုင်မှ ပြောခြင်းဖြစ်၏
"နေပါစေ ဇော်ခိုင်ရယ် ဇီဇဝါတွဲပေးလိမ့်မယ်"
"လာစမ်းပါ မဟုတ်ရင် ငါပွေ့သွားရမှာလား"
"ငါဆေးသွားယူပေးမယ် ဝိုင်း" ဇီဇဝါမှပြောခြင်းဖြစ်၏
မတက်သာသည့်အဆုံး ဇော်ခိုင်အကူအညီကိုယူလိုက်ရသည်။ဝန်းရံ မြင်သွားမှာကိုလဲ စိုးမိ၏
"လာ အရှေ့နားကခုံမှာထိုင်လိုက် ငါကြည့်ပေးမယ် မင်းခြေထောက်ကို"
ဇော်ခိုင်မှ ခြေထောက်အား နှိပ်ပေးလိုက် ခါပေးလိုက် လုပ်နေ၏၊ ဝိုင်း နာသဖြင့် အား!! ဟုအော်ကာ ဇော်ခိုင် လက်မောင်းအား ဆုတ်ကိုင်မိလိုက်သည်။ဇော်ခိုင်က ဝိုင်းအားမော့ကြည့်ကာ မက်တက်စမ်းထကြည့်ရန် ပြော၏
"ရပြီ ဇော်ခိုင် ကျုပ်ခြေထောက်ပြန်ကောင်းသွားပြီ ကျေးဇူးနော်"
"ရပါတယ် ဝိုင်းရယ် မင်းအတွက်ဒီလောက်တော့ လုပ်ပေးနိုင်ပါတယ် ဒါနဲ့အခွင့်အရေးယူတယ်လို့ မထင်ပါနဲ့ ကျုပ်ပြောထားတဲ့ကိစ္စ စဉ်းစားပြီးပြီလား"
ဝိုင်းဘာပြန်ပြောမရရမှန်းမသိအောင် အကြပ်ရိုက်နေ၏၊ အခုမှသူ့အကူအညီယူပြီး မချစ်နိုင်ကြောင်းငြင်းပြန်ရင်လဲ ရိုင်းရာကျမည် အတန်ငယ်တိတ်ဆိတ်နေပြီးမှ
YOU ARE READING
တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)
言情"ကျုပ်ကြားဖူးတာ ဝါးပင်တွေက တစ်သက်မှာတစ်ခါပဲ အပွင့်ပွင့်၊အသီးသီးကြပြီးသေဆုံးသွားကြတယ်၊ ကျုပ်နှလုံးသား ကလဲ တစ်သက်မှာတစ်ခါပဲ ချစ်ချင်တယ် အဲ့လူရင်ခွင်ထဲမှာပဲ သေဆုံးသွားချင်တယ်"