""တို့...မင်းကိုတွေ့အောင်ရှာပါ့မယ်""

==============

""ဖေဖေ သတင်းဘာထူးသေးလဲ"

"ကြိုးစားရှာနေတုန်းပါ သမီးရယ်"

"မြန်မြန်တွေ့အောင်ရှာပေးပါ ဖေဖေရယ်....ကျမ ရူးတော့မယ်"

"စိတ်အေးအေးထားစမ်း သမီး...မကြာခင် တွေ့မှာပါ...နေရာအနှံ့တော့စုံစမ်းပြီးပြီ....မိယွန်းအတွက် ပုန်းစရာ
ရှားသွားပါလိမ့်မယ်"

""သူ...သူတို့ ဘယ်မှာရှိနိုင်တယ်လို့ဖေဖေထင်လဲ""
""ယွန်း...ယွန်းက မထင်မှတ်ထားတာတွေကို ပိုလုပ်တတ်တယ်"

"သမီးကရော သူတို့ ဘယ်မှာရှိမယ်လို့ထင်လဲ"...သေချာစဥ်းစားစမ်း...သမီးသူနဲ့ အကြာကြီးပေါင်းသင်းလာတာပဲတစ်ခုခုတော့ သမီးသိမှာပါ"

"ကျမ မစဥ်းစားတတ်တော့သလို စဥ်းစားလို့လည်းမရဘူး"

""စိတ်မပူပါနဲ့ ဖေဖေတွေ့အောင်ရှာပေးမယ်လို့ ကတိပေးတယ်"
"သမီးသာ ကျန်းမာရေးကို ဂရုစိုက် နေကောင်းအောင်နေ"

"ဖေဖေနောက်ရက်မှ ထပ်လာခဲ့မယ်"

နှင်းဖေဖေပြန်သွားသည်နှင့် ထွက်ကျနေသော မျက်ရည်စများကိုသုပ်ကာ ယွန်းခင့်ကို ဖွက်ထားနိုင်သည့်နေရာကို စဥ်းစားတော့သည်။ 
ယွန်းက နှင်းထက် မိတ်များသည်ဖြစ်၍ သေချာမသိနိုင်။ 

လက်ချောင်းကိုက်လျှက် စဥ်းစားနေသည်မှာ လက်သည်းထိပ်များပင်တုံးနေလေပြီ။ အခုနောက်ပိုင်း နှင်းအတွေးလွန်လျင် လက်သည်းကိုက်တတ်သည့်အကျင့်တစ်ခုဖြစ်သွားသည်။ ပြင်လို့လည်းမရ။ တစ်ခါတစ်ရံ
နာရီပိုင်းလောက်ပင်ကြာသည်။ စိတ်နှင့်လူနှင့် မကပ်သောရက်များတွင် လက်သည်းကိုက်နေတတ်ပြီး သွေးများထွက်တဲ့အထိပင်။

""ရုရှား""

နှင်း တစ်စုံတစ်ခုတွေးမိပြီး ဖုန်းထရှာပြီး ဖုန်းဆက်ဖို့ပြင်တော့သည်။ စိတ်ထဲတွင်လည်း မျှော်လင့်ချက်များတစ်ဖွားဖွားထွက်ပေါ်လျက်။

""ဟယ်လို...ဖေဖေ""
"ရုရှားမှာ ရှာပြီးပြီလား"

"ရုရှား...ဟုတ်လား"
"အိုခေ...လုပ်ငန်းစကြည့်တာပေါ့"

နှင်း ဖုန်းချလိုက်ပြီး မြကို အော်ခေါ်တော့သည်။

"မြရေ....မြ...မြ"
"မိအေး...မြကိုသွားခေါ်စမ်း"

"နှင်း ​ဘာဖြစ်လို့လဲ...နေထိုင်မကောင်းဖြစ်လို့လား"

"မြ..."

"ပြောလေ နှင်း"

"မျှော်လင့်ချက်တစ်ခုတော့ ရှာတွေ့ထားပြီ"

"ဟင်...ဘယ်မှာလဲ...မြအခုချက်ချင်းသွားစုံစမ်းလိုက်မယ်"

"ရုရှားမှာဖြစ်နိုင်ချေများတယ်"

"ဟုတ်လား...ဒါဆိုစုံစမ်းကြည့်ကြမယ်လေ"

"ကျမ...ကျမက သတိတစ်ချက်လွတ်သွားခဲ့တာ...အရင်က ရုရှားဂိုဏ်းတစ်ချို့နဲ့ ပတ်သတ်ခဲ့ဖူးတာကို"
"ဖေဖေနဲ့ ရုရှားက လုပ်ငန်းရှင်တစ်ချို့က ပြိုင်ဖက်တွေဖြစ်ခဲ့လို့ ကျမက အဆက်အသွယ်ဖြတ်ခိုင်းခဲ့တာ..."
"သေချာတယ်...ခင်... ခင်အဲဒီမှာပဲ ရှိရမယ်"

""မြတို့ အမြန်ဆုံးနည်းနဲ့ ကြိုးစားရှာကြတာပေါ့ကွယ်""

"အင်း"

မြကတော့ ခင့်ကိုရှာဖို့ စီစဥ်ညွှန်ကြားရန်အတွက် ထွက်သွားလေပြီ။ နှင်းကတော့ အခုချိန်ထိ ဧည့်ခန်းထဲတွင်လက်ညိုးကိုက်ကာ ဘယ်ပြန်ညာပြန်လမ်းလျှောက်နေသည်။ နှင်း၏ ယခုပုံစံမှာ စိတ်ဂနာမငြိမ်မှန်း ပေါ်လွင်နေပါသည်။

""ကျေးဇူးပြုပြီး ရှိနေပေးပါ"

"တို့ ခင့်ကို လွမ်းလှပြီကွယ်"

မူပိုင် ပြည့်တန်ဆာ...။(Completed)Tahanan ng mga kuwento. Tumuklas ngayon