နှင်းဖေဖေကိုယ်တိုင်လည်း အစွမ်းကုန်ရှာပေးနေသည်။ နိုင်ငံအနှံ့လူများဖြန့်ထားကာ ယွန်းခြေချနိုင်သော နိုင်ငံတော်တော်များများတွင်လည်း လူများဖြန့်ထားသည်။ 

""ခင်ရယ်...ဘယ်မှာများရောက်နေသလဲကွယ်"
"ဒါတွေအားလုံး မြကြောင့်.... မမမြကြောင့်ဖြစ်ရတာ"
"မြသာ ဦးမင်းနိုင်ကို ပြသနာမရှာမိခဲ့ရင်.....

"မေမေ"

မြတွေးလက်စအတွေးများဖြတ်ကာခေါ်သံလာရာသို့ လှည့်ကြည့်လိုက်သည်။

"မေမေ့သားလေးနိုးလာပြီလား"
"အမလေး...လာပါအုံး..ဖက်ပါရစေ"

"breakfast ဘာစားချင်လဲ သား"

အိပ်ချင်မူးတူးနဲ့ မျက်လုံးပွတ်ကာအခန်းရှေ့တွင်ရပ်နေသော မြသားလေးကို ပွေ့ဖက်လိုက်ပြီးမေးလိုက်သည်။

မြတို့သားအမိကို နှင်းက သူ့အိမ်မှာပဲ နေစေခဲ့သည်။ နေခိုင်းရခြင်းအကြောင်းရင်းကလည်း ခင့်ကို ရှာဖို့အတွက်ပဲဖြစ်သည်။ အိမ်တွင် ကြီးတင်နှင့် မိအေးတို့အပြင် အိမ်အကူများထပ်ငှား
ထားကာ မြတို့ သားအမိဝေယျာ ဝစ္စများကို တာဝန်ယူစေသည်။ မြကိုတော့ ခင့်ကိုရှာဖို့ ကိစ္စကိုသာ ခေါင်းထဲထည့်ခိုင်းထားသည်။

============

"လွမ်းရပါတယ် ခင်ရယ်"

နွေမိုးဆောင်းကူးပြောင်းသွားသော်လည်း မြတ်နိုးရသော အမျိုးသမီးလေးကိုတော့ မပြောင်းလဲပဲ လွမ်းဆွတ်မိနေသည်။ အရာအားလုံးသည် သူမကြောင့်ဖြစ်ခဲ့သည်
ပျက်ခဲ့သည် ပျက်စီးခဲ့သည် မဟုတ်လား။ ထမင်းတစ်လုပ်ပါးစပ်ထဲထည့်ဖို့လုပ်တိုင်း ချစ်ရသော အမျိုးသမီးလေး ထမင်းမှ စားရရဲ့လား ​ဗိုက်ဝအောင်စားရရဲ့လားဆိုသည့် အတွေးဖြင့် နှင်း အစာစားမဝင်နိုင်ခဲ့။
အိပ်ပျော်အောင်အိပ်ဖို့ကြိုးစားတိုင်းခင့်ကို လွမ်းဆွတ်မိသည်။ အကြိမ်ကြိမ်အခါခါ မင်္ဂလာကုတင်ထက်တွင်ကြည့်နူးခဲ့ရသည့် အခိုက်အတန့်များက နှင်းကို အိမ်မက်ဆိုးအသွင်ပြောင်း
သွားစေခဲ့သည်။ ထို့ကြောင့် ကုတင်ပေါ်တွင်လည်း မအိပ်နိုင်ခဲ့။ ခင့်နှင့်အတူနေခဲ့သည့် အနံ့အသက်များ ကိုယ်သင်းနံ့များကို မပျက်စီးစေလို၍
အိပ်ခန်းကိုလည်း နှင်းကိုယ်တိုင်သာသန့်ရှင်းရေးလုပ်သည်။
အိပ်ဖို့ကြိုးစားတိုင်း သူမချစ်ရသောအမျိုးသမီးလေး ကျောတစ်ခင်းစာအိပ်ဖို့အိပ်ရာများရှိရဲ့လားဟူ၍ အိပ်မပျော်နိုင်​ခဲ့ပါ။ယွန်းနှင့် ငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့သူမို့ယွန်း၏ အကျင့်စရိုက်ကို နှင်းသိသည်။ ထို့ကြောင့်လည်း ခင့်အတွက်
နေ့နေ့ညညရင်ပူနေရသည် မဟုတ်လား။ယွန်းသည် နှင်းထက်ပိုပြီး ရက်စက်သည်။ ယုတ်မာသည်။ သိုသိုသိပ်သိပ်နိုင်လွန်းသည်။ မထင်ထားလောက်အောင် သိုးယောင်ဆောင်သော ဝံပုလွေအကျင့်စရိုက်မျိုး ယွန်းမှာရှိသည်။
ခင့်ကို ခေါ်သွားလျှင် ကောင်းကောင်းမွန်မွန်ထားမည်မဟုတ်။ ယွန်းကအညိုးကြီးလှသည်။ထို့ကြောင့်လည်း နှင်းတစ်ယောက် မအိပ်နိုင်မစားနိုင် စိတ်ပူပန်သောကရောက်နေရသည်မဟုတ်လား။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now