မေကုန်းချင်

Start from the beginning
                                    

"မင်းတို့အားလုံး ဆင်းခဲ့လို့ရပြီ..."

ဝမ်ဟုန်ပြောလိုက်မှပင် ဝမ်ဟုန်၏အနောက်၌ ရထားလုံးအနည်းငယ် ရပ်ထားသည်ကို လူတိုင်းသတိထားမိလိုက်ကြတော့သည်။ ဝမ်ဟုန်၏အမိန့်နှင့်အတူ ရထားလုံးမှ လိုက်ကာများက ပွင့်ဟသွားကြ၍ အမွှေးရနံ့များ ထွက်ပေါ်လာသည်။ လူတိုင်းသည် ထိုရထားလုံးများဆီသို့ လှမ်းကြည့်နေမိကာ အထူးသဖြင့် အမျိုးသားများကတော့ တောက်ပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေသည်။ ထိုရထားလုံးငါးစီး၌ ထိုင်နေကြသူများမှာ အလွန်ကောင်းမွန်သောအဝတ်အစားများကို ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုလေးများဖြစ်နေကြသည်။

မင်းသား၏မျက်လုံးများက တလက်လက်တောက်ပသွားကြသည်။ ထို့နောက် အံ့ဩမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။

"အိုး ဘုရားရေ မင်းကလည်း ဒီလိုမျိုးတွေကို စိတ်ဝင်စားတာလား ချီလန်..."

ဝမ်ဟုန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"လှပတဲ့မိန်းမပျိုလေးတွေက နှလုံးသားနဲ့ မျက်လုံးကို အားဖြည့်ပေးတဲ့ အာဟာရတွေဖြစ်ပြီး စိတ်ပူပန်မှုတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်...ကျွန်ုပ်ကလည်း ယောင်္ကျားတစ်ဦးပဲမို့လို့ ဒီလို လှပတဲ့ မိန်းမပျိုလေးတွေကို ဘယ်လိုများ မနှစ်သက်ပဲ နေနိုင်ပါမလဲ..."

ဝမ်ဟုန်သည် တောက်ပလွန်းသည့် အပြုံးကိုပြုံးလိုက်၍ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ ပြောလိုက်သည်။

"အောက်ကိုဆင်းခဲ့ကြပြီး အရှင်မင်းသားကို  လန်ယာရဲ့ဝမ်အိမ်တော်က အချောအလှလေးတွေနဲ့ တွေ့ခွင့်ပေးလိုက်ကြပါ..."

"ဟုတ်ကဲ့..."

အမျိုးသမီး ၅ဦးက ပြိုင်တူဖြေလိုက်ကြ၍ ရထားလုံးများပေါ်မှ ဆင်းလာလိုက်ကြသည်။

မင်းသားသည် မိန်းမပျိုလေး ငါးဦးလုံးအား မျက်တောင်မခတ်တမ်း ငေးကြည့်နေလေသည်။ ခန်းမဆောင်ထဲမှ အလင်းရောင်က မှိန်နေသောကြောင့် မင်းသားသည် အလျင်အမြန်ပင် လက်ခုပ်တီး၍ အော်လိုက်သည်။

မေကုန်းချင်Where stories live. Discover now