ထိုအကြောင်းတွေတွေးရင်း သူမ အိပ်မောကျသွားတော့သည်။
နောက်ရက်တွင်တော့ ယဲ့လီကျူးအစောကြီးနိုးနေကာ ကျန်းရန်ယိအိပ်မောကျနေသည်ကို မြင်သည်မို့ ရုတ်တရက် စနောက်ချင်စိတ် ပေါ်လာသဖြင့် ကျန်းယန်ယိနှာခေါင်းလေးကို ပိတ်လိုက်လေသည်။
ကျန်းရန်ယိက နှစ်ခြိုက်စွာ အိပ်မောကျနေသည်မို့ သူမနှာခေါင်းအဆွဲခံရချိန်တွင် နှုတ်ခမ်းလေးဟကာ အသက်ရှူနေရသည်။ ယဲ့လီကျူးက ရယ်လေတော့ သူမမျက်လုံးတွေပွင့်လာ၏။
သူမက ယဲ့လီကျူးလက်ကလေးကိုဖမ်းလိုက်ပြီး "ညီမလေး ပြဿနာမရှာနဲ့"
ယဲ့လီကျူးလက်တောက တကယ်လည်းအေးစက်နေသည်မို့ ကျန်းယန်ယိက သူမလက်တွေနှင့် ကိုင်ကာ နွေးအောင် လုပ်ထားပေးရသည်။
"ကျူးကျူးက အဆိုးလေးနော်။ နောက်ကျမှ ယောကျာ်းလုပ်သူက သေချာသင်ပေး၊ မပေး စောင့်ကြည့်ရမယ်"
"မမနော်"
ထို့နောက် ညီမနှစ်ယောက် အဝတ်အစားလဲကာ နံနက်စာစားဖို့ ထွက်လာကြသည်။
မည်သို့ပင်ဆိုစေ ယဲ့အိမ်တော်ဝင်းက လူသိပ်မများဘဲ စီးပွားရေးလည်း ကောင်းသည်မို့ ဆွေမျိုးနှစ်ယောက်လောက်ကိုတော့ မထားနိုင်စရာအကြောင်း မရှိပေ။ ကျန်းအိမ်တော်က မြို့တော်ထဲတွင် ကိုယ်ပိုင်အိမ်တော် ရှိသော်လည်း ယဲ့လီကျူးကတော့ သူမတို့ကို ဒီမှာပဲ ထားသည်။
ကျန်းမိသားစုနှင့် လက်ထပ်နိုင်ခဲ့သည် ကျွင့်မိသားစုကလည်း ခေသူများ မဟုတ်ကြပေ။ ကျွင့်သခင်မ၏ အဖေက နာမည်ကြီး ပညာရှိတစ်ယောက်ဖြစ်သလို မြို့တော်တွင် တပည့်များစွာရှိသည်။ ထို့ကြောင့်လည်း ကျွင့်သခင်မ ရောက်လာသည်ကို သိကြသောအခါ ယဲ့အိမ်တော်သို့ လက်ဆောင်လာပေးသူများနှင့် ကြက်ပျံမကျ စည်ကားနေတော့သည်။
ဝူသခင်မကတော့ မျက်စောင်းတခဲခဲပေါ့။
အိမ်တော်လာသည့် ကတော်များက ဝူသခင်မကို အပြင်ပန်းတွင် ဘာမှမပြောသလို ကွယ်ရာတွင်လည်း သိပ်ဂရုမစိုက်ကြပေ။ ကျန်သည့် မင်းမှုထမ်းအငယ်လေးများ၏ဇနီးတွေကသာ သူမကို ယဲ့ကတော်ဆိုပြီး အထင်ကြီးကြခြင်း ဖြစ်သည်။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
ဖဝါးထက်က ပုလဲသွယ် (၂၈)
Start from the beginning