"စောက်ရေးမပါတဲ့ပေါက်ကရတွေခံစားပြီး လျှောက်လုပ်မနေနဲ့"

မြ အပြောကြောင့် ရှိုက်ကြီးတငြင်ငိုနေသော ခင့်မှာ မျက်လုံးအပြူးသားနှင့် ပြူးကာကြည့်နေသည်။

ထိုနေ့မှစ၍ ခင့်ကို အရိပ်တကြည့်ကြည့်နှင့် မျက်စိအောက်က အ​ပျောက်မခံတော့ပဲ ဂရုတစိုက်ကြည့်သည်။
ခင် ငေးနေ ငိုင်နေလျှင် ခိုင်းစရာမရှိကြံဖန်ခိုင်းစားသည်။ ငူငူငိုင်ငိုင်တွေ့သည်နှင့် သန်းရှာပေးဟူ၍ ခိုင်းစားတော့သည်။ သန်းဖြင့် မရှိပဲ တမင်တကာရှာကြံခိုင်းစားတတ်သောမြကြောင့် ခင် အတိတ်ကို မေ့မေ့ ပျောက်ပျောက်ဖြစ်လာသည်။ထိုအခိုက်အတန့်ခင်မင်ရခြင်းက ခင့်အတွက် အမေတစ်ယောက်ရသွားသလိုပင်။ ခင် ထပ်ပြီးတွယ်တာမိသောသူမှာ မြ ဖြစ်လာသည်။ ခင့် ဒုတိယမိသားစုမှာ မြ ဖြစ်လာသလို
မမမြ​၏ ဒုတိယမိသားစုဟာလည်းခင်ဖြစ်လာရသည်။ထို့ကြောင့် မြကိုတော့ အဆုံးရှုံးမခံနိုင်လောက်အောင် ခင် တွယ်တာမိသည်။

==========

"ဒေါ်နှင်းမြသန္တာ"....ရှင် မလာသေးဘူးလား"

"လာပြီ.... မိန်းမ"

"ထမင်းစားတဲ့အချိန် ကျမစိတ်မတိုချင်ဘူးနော်"

"လာပါပြီဆိုမှ မိန်းမရယ်" ....အလုပ်ကိစ္စဖုန်းပြောနေလို့"

"ဟွန့် နော်" ည ကိုးနာရီထိုးနေပြီ"

နှင်း ပြေးဆင်းလာကာ ကမန်းကတန်းထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်ကာ ဆူပုပ်နေသော မိန်းမဖြစ်သူအား မျက်နှာချိုသွေးနေတော့သည်။

ခင်အရင်ထမင်းစားလို့ပြီးသွားတော့အပေါ်တတ်သွားသည်ကြောင့် နှင်းမှာပါးစပ်ထဲ ပလုပ်ပလောင်းထိုးထည့်ကာ မြန်မြန်စားပြီး ဆူပုပ်သတ်နေသော မိန်းမဖြစ်သူနောက်သို့ အပြေးလိုက်ရပြန်သည်။
ခင် ဒီရက်ပိုင်း အာပြဲလာသည်။ ခုနစ်အိမ် ရှစ်အိမ်ကြားအောင်လည်း အော်တတ်လာသည်ကြောင့် နှင်းမှာ မယားကြောက်ဖြစ်နေရလေသည်။ဆရာထက် တပည့်လက်ဇောင်းထက် ဆိုသလို သူများတကာကို အာဏာပြခဲ့သော နှင်းက ယခုမှာတော့ ခင့်အာဏာကို ကြောက်လို့ ပြားပြားဝပ်နေရသည့်ဘဝ။

မူပိုင် ပြည့်တန်ဆာ...။(Completed)Onde as histórias ganham vida. Descobre agora