''အွန်း''

ချွမ်ရွေ့ ရေသောက်နေရင်းကနေခေါင်းညိတ့်ပြလိုက်သည်။အပြုံးလှလှလေးကိုလည်းသူပေးလိုက်သေးသည်။သူရှာနေတဲ့ဂယူဗင်းကိုမတွေ့သေးတာမို့ချွမ်ရွေ့ပြုံးနေနိုင်တာ။တွေ့ရင်သူဘယ်လိုမျိုးစကားပြောရပါ့။ဂယူဗင်းကရောသူနဲ့နှစ်ယောက်တည်းစကားပြောချင်ပါ့မလား။

''ချွမ်ရွေ့ ကိုကြီးသူ့အခန်းထဲမှာတစ်ယောက်ထဲ ယူနာအွန်းကိုငါခေါ်ထားလိုက်မယ် စကားသွားပြောလိုက်''

''အော် ကျေးဇူးနော် မင်ဆိုး''

မင်ဆိုးကိုကျော်ဖြတ်လို့ဂယူဗင်းရှိရာဆီကိုအပြေးသွားနေမိတဲ့ချွမ်ရွေ့ရဲ့ခြေလှမ်းတွေဟာမျှော်လင့်ချက်တွေအပြည့်။ဂယူဗင်းကချွမ်ရွေ့ဘက်ကပြန်ချော့လိုက်ရင်စိတ်ကောက်ပြေလောက်မှာပါ။အရင်လည်းအဲ့လိုဘဲမလား။

''ဒါလင်''

''ချွမ်ရွေ့!?''

''Babyလို့တောင်မခေါ်တော့ဘူးဘဲ''

ချွမ်ရွေ့ ဂယူဗင်းအားအပြုံးသေးသေးလေးနဲ့စနောက်လိုက်ပေမဲ့ဂယူဗင်းကတော့မျက်မှောင်ကိုအနည်းငယ်စုကျုံ့ရင်းသာချွမ်ရွေ့ကိုကြည့်နေသည်။ချွမ်ရွေ့ရဲ့အပြုံးကလည်းသိပ်တောင်ပီပြင်ပါ့မလား ချွမ်ရွေ့ပင်ရိပ်စားမမိ။

''ငါ့ကိုမချစ်တော့ဘူးလား ဒါလင်''

''ချစ်တယ် ဒါပေမဲ့ လက်ထပ်ဖို့ထိတော့မင်းကိုမလိုချင်ဘူး ချွမ်ရွေ့"

''ဂယူဗင်း~''

ချွမ်ရွေ့ရဲ့အရှက်တွေ၊မာနတွေဟာလည်းဂယူဗင်းရဲ့စကားတစ်ခွန်းနဲ့တင်ကြွေကျရတာဘဲ။ဂယူဗင်းရှေ့မှာတင်ချွမ်ရွေ့ခေါင်းငိုက်စိုက်ချရင်းရှိုက်ကြီးတငင်ငိုနေမိတော့တာဘဲ။

''ဂယူ....အင့်....ဗင်း!''

ချွမ်ရွေ့ကိုရုတ်တရက်ကြီးအားနဲ့လက်ကနဆွဲပြီးနံရံမှာကပ်ပစ်လိုက်တဲ့ဂယူဗင်းကဘာဖြစ်ချင်နေတာလဲ။ချွမ်ရွေ့ကြာကြာပင်မတွေးရ သူ့နှုတ်ခမ်းထွေးထွေးလေးထံထိကပ်လာတဲ့ဂယူဗင်းရဲ့နှုတ်ခမ်းတွေဟာသူ့စိတ်အာရုံအလုံးစုံကိုညို့ယူသည်။ဘာလို့များတစ်ခြားတစ်ယောက်နဲ့နမ်းရှိုက်ထားတဲ့ဂယူဗင်းရဲ့နှုတ်ခမ်းတွေကချိုလွန်းနေရတာလဲ။ဂယူဗင်းရဲ့စိတ်ကြိုက်အနမ်းခံနေမိတဲ့ချွမ်ရွေ့ဟာတကယ့်ကိုဂယူဗင်းအပြင်မသိတဲ့အချစ်ရူးလေးသာဖြစ်လေသည်။

Meet goes WRONG (Love Sick)Where stories live. Discover now