Love

184 23 13
                                    

~ you know damn well
For you, I would ruin myself
A million little times ~

''ဆံပင်တွေပျက်စီးတော့မှာဘဲ ချွမ်ရွေ့ရာ ကိုယ့်ကိုခွင့်ပြုနော်''

နှုးညံ့ညင်သာလှတဲ့လက်ချောင်းလှလှလေးတွေရဲ့အထိအတွေ့ဟာသိပ့်ကိုနှုးညံ့နေ၏။ချွမ်ရွေ့ရဲ့ရှေ့ဆံပင်ကမျက်လုံးထဲဝင်လုနီးပါးဖြစ်နေတာမို့သပ်တင်ပေးပေမဲ့ချွမ်ရွေ့ကိုအရင်ခွင့်တောင်းသေးသည်။ချွမ်ရွေ့ဆံပင်တွေကိုအဖြူရောင်ပြန်ပြောင်းလိုက်တာကိုလည်းအနည်းငယ်လောက်ဆူပူလာသေးသည်။ပြီးတော့ချွမ်ရွေ့ကိုဆက်ဆံပုံကအရမ်းနှုးညံ့လွန်းသည်။ထိုသူက ကင်မ်ဂျီဝွန်း ပါတဲ့လေ။သူနဲ့ငယ်ငယ်ထဲကရင်းနှီးလာတဲ့အကို။ဂယူဗင်းနဲ့ရည်းစားတွေဖြစ်မှသာဂယူဗင်းကမပတ်သတ်ခိုင်းလို့မတွေ့တာကြာနေပြီ။အကိုကလည်းနိုင်ငံခြားထွက်သွားတာမို့တော်တော်လေးကြာမှပြန်တွေ့ရတာဖြစ်သည်။ချွမ်ရွေ့တို့ရဲ့အိမ်အခြေအနေကိုရိပ်မိတဲ့အကိုက ကုမ္မဏီကိုလည်း ကူပေးသလို ချွမ်ရွေ့ကိုလည်းအလုပ်ခေါ်ခန့်ထား၏။တကယ်ဆို ချွမ​်ရွေ့ကပန်းချီဆွဲတာကလွဲပြီးဘာမှမတတ်။

''အဲ့ဖိတ်စာက ဂယူဗင်းစေ့စပ်ပွဲလား! ?''

''အယ် ဟုတ်တယ်''

ဂျီဝွန်းကမျက်လုံးကိုဟိုဒီရွေ့ရင်းကနေဘယ်လိုစကားလမ်းကြောင်းလွှဲရမလဲစဥ်းစားနေပုံပေါ်သည်။ဒါပေမဲ့လည်းဒါကသူနဲ့ဂယူဗင်းရဲ့အကြောင်းဘဲလေ။ဂျီဝွန်းဘက်ကစိုးရိန်ပေးနေဖို့မလိုပါဘူး။

''ညနေလိုက်ခဲ့လို့ရလား''

''အိမ်နဲ့မသွားဘူးလား''

''အိမ်ကလူတွေကသွားမှာမဟုတ်ဘူး ကျွန်တော်လည်းနောက်ဆုံးဆုံးဖြတ်ချက်ချဖို့သွားချင်လို့!''

''အင်း ညနေကိုယ်လာခေါ်လိုက်မယ်''

''ကျေးဇူးဘဲ''

ချွမ်ရွေ့ ဂယူဗင်းကိုသူ့ဆီစိတ်ပြန်လည်လာအောင်တစ်ခေါက်လောက်ကြိုးစားကြည့်ချင်သေးသည်။ဂယူဗင်းကသူ့ကိုချစ်ပါတယ်။အများကြီး အများကြီးလေ။

.....

''ချွမ်ရွေ့ ခဏလေးနော် ကိုယ် ဟိုဘက်ကိုခဏ''

Meet goes WRONG (Love Sick)Where stories live. Discover now