Meet

329 23 5
                                    

[Taylor Swift _ Illicit affairs(Recommed song)]

အရင်ဆုံးအဂျွန်း​ပြောချင်တာ ဒါကလေအရမ်းကြီး Tragicဆန်ပါတယ်။ပြီးတော့ဒါကအဂျွန်းစိတ်ကူးထဲကနေရာတစ်ခု၊ဆက်ဆံပုံ တွေနဲ့တည်ဆောက်ထားတာပါ။မျိုးရိုးမြင့်၊အလယ်အလတ်နဲ့သာမာန်လူ အဲ့လိုမျိုးအဆင့်အတန်းခွဲထားတဲ့နေရာတစ်ခုပါဘဲ။ အရမ်း Sensitive Fan ဆိုရင်လည်းမဖတ်တာကောင်းပါတယ်။ပြီးတော့ Biasကိုအရမ်းကြီးချစ်တတ်တဲ့လူဆိုရင်လည်း မဖတ်တာကောင်းပါတယ်။အဲ့တော့ Enjoy my work!!Or Please Leave.

~Look at this idiotic fool that you made me~

''အာ တကယ်ကြီးပြောင်းဆိုးလိုက်တာလား မလိုက်ဖူး အမဲနဲ့''

''ဟမ်!''

သူ့ကိုတည့်တည့်ကြီးစိုက်ကြည့်ကာဖြင့်လက်တစ်ဖက်ကလည်းသူ့ရဲ့ရည်းစားအသစ်လေးကိုသိုင်းဖက်ထားတဲ့ဂယူဗင်းကြောင့်ချွမ်ရွေ့စိတ်ထဲတင်းခနဲ။ဒါပေမဲ့သူကဘာများပြောနိုင်မှာလဲ။သူနဲ့ဂယူဗင်းလမ်းခွဲလိုက်ပြီးပြီဘဲ။ဒါပေမဲ့လမ်းခွဲတဲ့နေ့မှာဆံပင်အမဲရောင်လေးနဲ့ဆိုချွမ်ရွေ့ကကြည့်ကောင်းနေမှာဘဲလို့ပြောသွားတဲ့ဂယူဗင်းစကားကြောင့်ရူးမိုက်စွာနဲ့ချွမ်ရွေ့ဆံပင်အဖြူလေးတွေကိုအမဲရောင်ပြောင်းဆိုးခဲ့မိတာဖြစ်သည်။

''မင်ဆိုး စောင့်နေလောက်ပြီ သွားတော့လေ''

''အင်း!''

ခေါင်းကိုငုံ့ရင်းဂယူဗင်းရဲ့ရည်းစားအသစ်ဘေးကဖြတ်လာရတဲ့အခိုက်အတန့်ဟာချွမ်ရွေ့အတွက်တစ်သက်တာလုံးမှာသိမ်ငယ်မှု့ဆိုတာအရာကိုစတင်ခံစားတတ်ခြင်းဘဲ။ဂယူဗင်းရောချွမ်ရွေ့ရောကမျိုးရိုးမြင့်လူတန်းစားတွေဖြစ်ပေမဲ့လည်းဂယူဗင်းတို့ကပိုပြီးပိုက်ဆံရှိသည်။အခုအခြေအနေအရလည်းချွမ်ရွေ့တို့ကမျိုးရိုးမြင့်ဆိုတဲ့အရာနဲ့သိပ်တော့မသက်ဆိုင်တော့ဘူး။ချွမ်ရွေ့တို့ရဲ့ပိုင်ဆိုင်မှု့တွေမရှိတော့သလို ကုမ္မဏီကလည်းဟန်ပြသာသာဘဲ။အဲ့တာကြောင့်မင်ဆိုးကိုစာသင်ဖို့သူဂယူဗင်းအဖေကိုဒူးထောက်မတတ်ပြောထားရတာဖြစ်သည်။သူဂယူဗင်းကိုတွေ့ချင်ရုံသက်သက်နဲ့သူ့မာနတွေအကုန်သူ့လက်နဲ့ကိုယ်တိုင်ဖျက်စီးပစ်လိုက်မိတာလေ။

''ကိုကြီးနဲ့တွေ့ခဲ့တာလား ချွမ်ရွေ့!''

မင်ဆိုးရဲ့ယဥ်ကျေးမှု့မရှိတဲ့အသုံးအနှုန်းကဂယူဗင်းလိုဘဲ။ဒီကင်မ်မျိုးရိုးကအတော်လေးကိုမောက်မာတာလေ။

''အင်း!''

''ဒီနေ့စာမသင်ချင်ဘူး''

''မရဘူး ငါပိုက်ဆံကြိုယူထားတာ''

''ဒီကိုလာတာ ကိုကြီးကိုတွေ့ချင်ရုံသက်သက်ဆိုတာကိုကြီးကလွဲပြီး လူတိုင်းသိတယ် အပိုတွေလုပ်မနေနဲ့ ပြီးတော့ ချွမ်ရွေ့မသင်ပေးလည်းငါစာလိုက်နိုင်တယ် ကိုကြီးနဲ့ပြန်အဆင်ပြေစေချင်လို့လက်ခံလိုက်တာနော်''

''ကျေးဇူး''

မင်ဆိုးကိုဖြစ်သလိုကျေးဇူးတင်လိုက်ရင်းလိုက်ကာအဖြူတွေလွင့်နေတဲ့ပြတင်းပေါက်ကိုသာချွမ်ရွေ့အကြောင်းမဲ့ငေးကြည့်နေမိသည်။သူဂယူဗင်းနဲ့စတွေ့တဲ့နေ့တုန်းကအကြောင်းကိုတောင်သတိရသွားသလိုဘဲ။

....

''ကင်မ်မျိုးရိုးမြင့်အိမ်ကသားကြီးကငါတို့နဲ့တစ်ခန်းထဲတဲ့''

''အင်း!''

ဘေးကဂျီယောင်းရဲ့စကားကိုပုံမှန်တုံ့ပြန်လိုက်တဲ့ချွမ်ရွေ့ကိုဂျီယောင်းကစိတ်တော့မဆိုးသွားဘူး။ဘာလို့ဆိုချွမ်ရွေ့ကတမင်ချေမိုးပြီးတုံ့ပြန်လိုက်တာမျိုးမဟုတ်ဘူးလေ။ဒါကသူ့ရဲ့ပင်ကိုကျော့ရှင်းအေးစက်နေတဲ့ ပုံမှန်ချွမ်ရွေ့ဆန်ဆန်ဘဲလေ။မြို့ထဲကိုမျိုးရိုးမြင့်ကင်မ်မျိုးရိုးမိသားစုပြောင်းလာမှန်းချွမ်ရွေ့ကြားထားပြီးပြီဘဲလေ။ဘာကိုများစိတ်ဝင်စားနေရအုံးမှာလဲ။

''ဟိုမှာလေ ဝင်လာပြီ''

စိတ်မပါပေမဲ့လည်းလှမ်းကြည့်လိုက်မိတဲ့အခိုက်အတန့်စက္ကန့်ပိုင်းလေးမှာ ချွမ်ရွေ့ရဲ့စိတ်ဝိညာဥ်ဟာပြုစားခံလိုက်ရတော့သည်။ဆံပင်ညိုအရှည်အုပ်အုပ်လေးရဲ့အောက်ကမကွဲမပြားမျက်ဝန်းညိုတွေရော၊ပြုံးလိုက်တိုင်းမြင်ရတဲ့သွားစွယ်ဖွေးဖွေးလေးတွေရောကိုချွမ်ရွေ့မျက်တောင်မခတ်တမ်းကိုငေးနေမိတာဖြစ်သည်။စိတ်ထဲကနေလည်းတိုးတိုးလေးနာမ်စားတစ်ခုကိုသုံးနှုန်းလိုက်မိသေးသည်။အဲ့တာက 'ဒါလင်'တဲ့လေ။

_______TBC_________

အပိုင်းလေးတွေကတိုတယ်နော်။ပြီးတော့ဂယူဗင်းကRed flagပါအချစ်တို့ရယ်။ဆဲခံရမှာလည်းကြောက်တာမလို့ မဆဲရင်တော့အကောင်းဆုံးပါ။Oneshotသာသာအရှည်လေးဘဲရှိမှာ။အပိုင်းခွဲရေးတာကခွဲခွဲပြီးလောင်ရအောင်လို့။

Meet goes WRONG (Love Sick)Onde as histórias ganham vida. Descobre agora