FILIO_Ep_6

300 17 0
                                    

မူးဝေလာသောအာရုံကို အားတင်းကာစာဆက်ဖြေရမည် ဆယ်တန်းမဟုတ်သော်ငြား တစ်နှစ်နောက်ကျလျှင်လည်း မဖြစ်သေးပါ။မူးဝေလာခြင်းမှာပိုဆိုးလာသည် မရတော့သည်ကိုလည်း အတန်းစောင့်ဆရာမအား ပြောမထွက်ပါ ထို့ကြောင့်အတင်းသည်းခံကာ ဖြေခဲ့ရသည်။စာမေးပွဲကြီးပြီးဆုံး၍ နောက်တစ်နေ့တွင် အစ်မကသူ့စကားအတိုင်း မုန့်ဝယ်ကျွေးရန်လာခေါ်ပါသည်။မောင်မလိုက်ခဲ့ချင်ဘူးဟု ငြင်းနေသော်လည်း အတင်းခေါ်လာသည်။ အစ်မခေါ်လာသောဆိုင်တွင် မမသွယ်ပါရောက်နှင့်နေပြီဖြစ်သည်။မှာစရာရှိတာမှာပြီးမကြာလိုက်ပါ မင်းနေနိုင်ဆိုသောလူရောက်လာသည်။အမှန်အတိုင်းပြောရလျှင် မောင်ဒီနေရာမှာ ဆက်ထိုင်မနေချင်တော့ပါ ထွက်သာပြေးလိုက်ချင်သည်။မောင်မျက်နှာပျက်နေသည်ကို မြင်သည့်မမသွယ်က မောင့်လက်ကလေးအားလာကိုင်ကာ နှစ်သိမ့်ပေးရှာသည်။

အစ်မနှင့်ထိုလူစကားပြောနေကြသည် ထိုဖြစ်ရပ်ကိုမောင်ထိုင်သာကြည့်နေမိပါသည်။ ထိုအချိန်မှာပဲ မမသွယ်က မောင့်နားအနားလာကပ်ကာ တီးတိုးပြောသည်။

"မောင် မမသွယ်တို့နဲ့ ရန်ကုန်လိုက်ခဲ့ချင်လား"

မမသွယ်အားတစ်ချက်ကြည့်လိုက်သည် အရင်လိုမဟုတ်တော့ပဲအများကြီးပြောင်းလဲသွားသည်။အမျိုးသမီးဝတ်စတိုင်ပန့်နှင့်ရှပ်အင်္ကျီဝတ်ထားသည်ဆိုသော်လည်း ခက်ထန်နေသောမျက်နှာသည်နူးညံ့လာဟန်ရှိနေသည် အပြုံးမရှိတည်ကြည်သောသူမသည် အပြုံးရေးရေးကလေးများရှိလာသည်။

"မောင်မလိုက်တော့ပါဘူး မမသွယ်"

မမသွယ်က အလိုမကျစွာမျက်မှောင်ကျုံ့လိုက်သည် ပြီးနောက်ဆက်မေးသည်။

"ဘာလို့မမသွယ်လို့ ခေါ်တာလဲမောင်"

"အစ်မခေါ်လို့လေ"

"မရဘူး ပြောင်းခေါ်"

"ဘယ်လိုခေါ်ရမှာလဲ မောင်က"

"မမ..မမလို့ပဲခေါ်"

မမသွယ်က စဉ်းစားဟန်ပြုကာ အဲ့သလိုခေါ်ခိုင်းသည်။မောင်လည်း ငြင်း‌မနေတော့ပါ မမသွယ်ခေါ်ခိုင်းသလိုသာခေါ်မိသည်။

Fell in Love in October Where stories live. Discover now