FILIO_Ep_2

372 20 0
                                    

ပွဲရုံရှေ့ရောက်သည်နှင့် မေမေက အစ်မလက်ကိုဆွဲကာအထဲဝင်သွားသည်။ ဖေဖေနှင့်မောင်ကတော့ မေမေ့ကိုသာကြည့်ပြီး ပြုံးနေရုံသာတတ်နိုင်ပါသည်။

"သူနဲ့ ဘယ်လိုသိတာလဲ မောင်"

"မောင် မနက်က ပန်းစည်းသုံးစည်းဝယ်တာ အစ်မကို တစ်စည်းပေးခဲ့ရတာ ဖေဖေ"

"အဲ့ဒါဆို မနက်ကမောင့်မေမေ ဆူတာကိုဘာလို့ မရှင်းပြလိုက်တာလဲ"

"မောင် မသိဘူး ဖေဖေ"

နှစ်ယောက်လုံးတိတ်ဆိတ်သွားမိသည် ဟုတ်တယ် မောင်ဘာလို့ မေမေ့ကို မရှင်းပြခဲ့ရတာလဲမသိဘူး။

ဖေဖေကဆက်ပြောသည် ဒီတစ်ခါတော့ မောင်ရှက်မိသွားသည်။

"မောင့်မေမေက မောင်နဲ့သမီးနန်းကို ချစ်သူတွေလို့ထင်တယ်ဆိုပြီး လာပြောနေတယ် မောင်"

"မောင်တို့က ဒီနေ့မှတွေ့ကြတာလေ ဖေဖေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဖြစ်နိုင်တာ မဖြစ်နိုင်တာကိုပြောတာမဟုတ်ဘူး မောင် ထင်တာကိုပြောပြတာ မောင်ကသာရှက်ပြီး ဖေဖေ့ကိုဝန်ခံနေတာလေ"

ဖေဖေဟာ စကားနည်းသည် နည်းသလောက်လည်း စကားပြောရာတွင် ပါးနပ်သည်။ စကားကိုထိန်းပြောနေရာကနေ ရှက်မိသွားတာကြောင့် ပြောမိပြောရာ ပြောလိုက်မိသည်။ဖေဖေသည် သတိထားမိသည်ဟုဆိုသည်။ အပေါင်းအသင်းများသော်လည်း ဘယ်သူနှင့်မှ အပြင်မထွက် မုန့်မစား သာရေးနာရေးရှိမှသာ အပြင်ထွက်တတ်သည်ကြောင့် ဖေဖေတို့ထူးဆန်းနေရသည်မှာ မအံ့ဩတော့ချေ။ အံ့ဩလည်းမတတ်နိုင်တော့ပါ အစ်မကိုတကယ်ခင်တွယ်မိပါသည်။

"အစ်မကအလယ်တန်းပြတဲ့ ဖေဖေ"

"မောင်တော့ ပင်ပန်းတော့မှာပဲ"

ဖေဖေသည် ထိုစကားအားပြောပြီးသည်နှင့် မေမေ့နားသွားထိုင်သည်။ မောင်တစ်ယောက်တည်း မတ်တပ်ကြီးရပ်ကျန်ခဲ့သည်။

"ပင်ပန်းမယ် ပင်ပန်းမယ်ဆိုတာ ဘာကိုပြောချင်တာလဲ ဖေဖေကဘာပြောသွားတာလဲ"

အတွေးများနေသည်မို့ ပတ်ဝန်းကျင်အား လျစ်လျူရှုထားမိသည်။ထိုပတ်ဝန်းကျင်ထဲမှာ အစ်မတော့မပါခဲ့ချေ။ မတ်တပ်ကြီးရပ်နေသော မောင့်အနား အစ်မရောက်လာပြီး လက်ကိုကိုင်ဆွဲကာ ဖေဖေတို့နားခေါ်သွားသည်။ ထိုအထိသိလိုက်သည် ထိုင်လိုက်ပြီးသည်နှင့် အတွေးများကာတစ်ဖန်ပြန်စလာသည်။ အတွေးလွန်တတ်တာ တော်ရုံမဟုတ်မှန်း မိမိကိုယ်ကိုသိသော်လည်း ဖေဖေ့စကားအားနားမလည်ပါချေ ထို့ကြောင့်ဆက်တွေးနေမိသည်။

Fell in Love in October Where stories live. Discover now