FILIO_Ep_1

1.2K 34 0
                                    

အဲ့ဒီ့နေ့ကသာ အစ်မနဲ့မဆုံဖြစ်ရင်....

အောက်တိုဘာလ၏ သီတင်းကျွတ်ကာလဖြစ်တာမို့ ပဲခူးမြို့တွင် ရွှေမော်ဓော်ဘုရားပွဲလုပ်ရသည်။ အငြိမ့်သဘင်များလည်းရှိသေးသည် စွမ်းဇာနည် ဖိုးချစ် ဟန်ဇာမိုးဝင်း အစသဖြင့် လူရွှင်တော်များနှင့်အကမယ်များလည်း လာရောက်ဖျော်ဖြေကြသည်။ ဒီနေ့မှာ မေမေက ပွဲကြည့်ချင်တယ်ပြောတာကြောင့် စိတ်မပါသော်လည်း လိုက်သွားရမည်။ သွားကြည့်ရခြင်းမှာလည်း ပွဲရုံမှလုပ်သည့် မေမေ့သူငယ်ချင်းက ဖျာလက်မှတ် နှစ်စောင် လာပေးထားသောကြောင့် ပွဲကြိုက်တတ်သော‌ မေမေသည် အလကားအဖြစ်မခံနိုင်ဘူး ဟူ၍အကြောင်းပြကာ ထွက်လာခြင်းဖြစ်သည်။

"မပြီးကြသေးဘူးလား မေမေတို့ကလည်းကြာလိုက်တာ"

အသံမလာပါ ပြင်ဆင်နေကြတုန်းထင်သည်။ အိမ်ရှေ့ရှိခုံတန်းပေါ်တွင် ထိုင်စောင့်နေစဉ် နှစ်ထပ်အိမ်ဖြစ်တာမို့ အပေါ်ကနေ လမ်းလျှောက်သံကြားရသည်

"အခုမှပဲပြီးတော့တယ် မေမေတို့လည်းနော် ညနေတောင်မဟုတ်တော့ဘူး မိုးချုပ်တော့မယ် မောင်ပင်လယ်ဓားပြစီးချင်ပါတယ်ဆို"

"အမလေးဟဲ့ အခုမှ ညနေငါးနာရီပါမောင်ရယ် နင်ကပိုကိုပိုတယ်"

"မေမေတို့ကို သုံးနာရီကတည်းက တဆာဆာပြောနေလို့လေ မပြောရင်အခုထိလည်းသွားရမှာ မဟုတ်ဘူး"

အိမ်မှထွက်လာခဲ့ကြသည် ပွဲသွားကြည့်မှာမို့ ‌ပေါ့ပေါ့ပါးပါးဖြစ်အောင် Jj ဘောင်းဘီအရှည်နှင့် T shirt အပြာကလေး ဝတ်လာခဲ့သည် မဟုတ်ပါက မလွတ်မလပ်နှင့်‌နေရထိုင်ရခက်နေလိမ့်မည်။ အိမ်ကနေ ကားလေးမောင်းကာထွက်လာခဲ့သည်။‌ ဖေဖေသည် ဆရာဝန်ဖြစ်တာကြောင့် အိမ်စီးကားလေးတစ်စီးဝယ်ထားသည် မောင့်အတွက်တော့ click တစ်စီးဝယ်ထားပေးသည်။ ဘုရားပွဲသို့ရောက်လျှင်ရောက်ခြင်း ပင်လယ်ဓားပြမစီးခင် ပျော့အိအိစီးရန်ပူဆာသည်။ ဖေဖေသည် ဖခင်ပီပီ ဘုရားပေါ်တက်၍ဘုရားရှိခိုးရန် အရင်ပြောသည်။ ဖေဖေ့သဘောအတိုင်း ဘုရားအရင်တက်ရန် ပန်းသွားဝယ်ရမည်။ မေမေတို့ကို ခေါ်မနေတော့ပဲ ပိုက်ဆံတောင်းကာ ဘုရားပန်းဝယ်ရန် ထွက်လာခဲ့သည်။

Fell in Love in October Where stories live. Discover now