ဘာမှတုံ့ပြန်လာခြင်းမရှိသောကြောင့် ခင့်မျက်လုံးကို စည်းပေးလိုက်ကာ တစ်နေရာဆီသို့ ဦးတည်ခေါ်သွားသည်။

"ကဲ....ရောက်ပါပြီ"
"ကြည့်ဖို့ အဆင်သင့်ပဲလား"

"ဘာတွေများ ထူးထူး.....

ခင် စိတ်မရှည်သဖြင့် ပုဝါကို ကိုယ့်ဖာသာကိုယ် ဆွဲဖြည်လိုက်တော့..... မထင်မှတ်ထားသည့်အရာကို မြင်တွေ့လိုက်ရသည်။

"ဒါ...ဒါတွေက"

"ခင့် အတွက်"

"ကြိုက်လား"

ခင် မျက်ရည်များဝိုင်းလာကာ နှင်းကို လှမ်းဖက်လိုက်သည်။

"ခင်.. တို့ ဘဝထဲကို ရောက်လာကတည်းက ခင့်အတွက် သီးသန့် ပြင်ဆင်ခိုင်းထားတာ..."
"ဘယ်လိုလဲ....သဘောကျရဲ့လား"

"အင်း....မ ခင့်ကို ရင်ခုန်အောင်သိပ်လုပ်တာပဲ"

"ဘေဘီ့က မ ဘဝအတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာပဲ သိစေချင်တာပါ"
"ဟောဒီ ပန်းလေးတွေလိုမျိုးလှပအောင် ခင်နဲ့ ဘဝသစ်တည် ဆောက်ချင်တယ်"

"ချစ်လားဟင်"

"ချစ်တယ်"

"တို့ကို ပြန်ချစ်ပေးတဲ့အတွက် ခင့်ကို စိတ်မပျက်စေရပါဘူး"
"မကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးပါ ခင်"

"ဟုတ်"

မျက်ရည်များဝဲနေသော အမျိုးသမီးလေးကို တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်မိသည်။ သူမ မျှော်လင့်ခဲ့
ရသော မျှော်လင့်ချက်ပြည့်ခဲ့ပြီလေ။မထင်မှတ်ထားပဲ ခင်က ချစ်တယ် ဟုအဖြေပေးခဲ့သောကြောင့်လည်း အံ့သြဝမ်းသာရသည်။ 

ခင့်ကို အိမ်သို့ ခေါ်လာသည့် နေ့မှစ၍ ခြံဝန်းတစ်ခြံဝယ်ကာ ရင်ခုန်ချင်စရာကောင်းသော ပန်းခြံကို ဖန်တီးခိုင်းခဲ့သည်လေ။ ရေအိုင်လေးလည်းရှိပြီး တစ်ခြံလုံး ရောင်စုံပန်းများဖူးပွင့်နေသည်မှာ ခင့်ရင်ထဲမှ ဖူးပွင့်လာသော အချစ်တို့ကို သက်သေထူနေသလားလို့ပင် ခံစားရသည်။

ခြံဒေါင့်နားလေးတွင်လည်း တဲအိမ်ကလေးဆောက်​ထားသေးသည်။ထိုတဲအိမ်လေးကတော့ နှင်း၏ ယုတ်မာသော အကြံ အစည်များဖြင့် ဆောက်ခိုင်းထားသည်ကိုတော့ ခင် မကြာခင် သိရပေလိမ့်မည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now