""ကြီးတင် နဲ့ မိအေး""

"ပြောလေ သမီး"

"ရှင်...မမကြီး"

"ကြီးတင်တို့ မကြာခင် ကလေးထိန်းရတော့မယ်"

"ရှင်....

"ဘယ်လို....

နှစ်ယောက်တစ်ပြိုင်တည်းထွက်လာသော အသံမှာ "မဖြစ်နိုင်" ဟူသောလေသံထွက်နေသည်။

"ဟုတ်တယ်......နှင်းတို့ ကလေးယူတော့မယ်" 
"နောက်တစ်ပတ်လောက်နေရင် စင်ကာပူမှာ သွားလုပ်ကြမှာ"

"ကြီးတင်က အသက်ကြီးတော့ နားမလည်ပါဘူးကွယ်"...ဖြစ်နိုင်ပါ့မလား နှင်းရယ်"

"ဖြစ်နိုင်ပါတယ်....နှင်း စုံစမ်းပြီးပြီ"

"ဖြစ်နိုင်ရင်တော့လည်း မြေးရတော့မှာပေါ့နော်"

"ဟုတ်ကဲ့"

နှင်းမြသန္တာမျက်နှာ ပြုံးဖီးပုံမှာ ပါးစပ်နားရွက်ပင် တတ်ချိတ်တော့မည်။ သူမ လိုချင်သည့် မိသားစုဘဝမျိုးကိုခင်နှင့် အတူ ဖန်တီးရမည်ဟူသောကြောင့် အပျော်စွတ်နေခြင်းဖြစ်သည်။ နှင်းတစ်ယောက်ပျော်နေပေမယ့် ခင်ကတော့ မပျော်နိုင်..။ မြ၏
အပူများကို တွေးကာ ခေါင်းကိုက်နေလေသည်။ ကလေးပျောက်သွားလျှင် မြ လက်ချက်မှန်း သိသာစေသည် မဟုတ်လား။ ဦးမင်းနိုင် မြကို တစ်ခုခု
လုပ်မှာစိုးရိမ်ရသည်။ မြ အသက်အန္တရာယ်အတွက် ခင် ရင်ပူရပြန်သည်။

""ဘေဘီ မတို့ အပြင်သွားရအောင်"

"ဘယ်ကိုလဲ"

"ခင် မသိတဲ့ နေရာပေါ့"

"ဘာလုပ်အုံးမလို့လဲ"

"ဘာမှ မလုပ်ဘူး"...ပြင်ဆင်ထား..."

----------

ကားထဲတွင် နှစ်ယောက်သား စကားမပြောပဲ တိတ်ဆိတ်နေလေသည်။ ခင်က စိတ်ကောက်နေသည်တဲ့...။ ထွက်လာကတည်းက မေးလိုက်သည့်မေးခွန်း...ခင့်ကို သည်လောက်ထိ အမေးမြန်းထူမည်ဟု မသိခဲ့။ နှင်းလည်း ခင့်ကို စချင်သည်နှင့် မပြောပဲနှုတ်ဆိတ်ငြိမ်နေလိုက်သည်မှာ နာရီဝက်ပင် ရှိလေပြီ။

""ကဲ...မိန်းမရေ ရောက်တော့မယ်"
"မ ခင့်မျက်လုံးကို ပုဝါနဲ့ ခဏစည်းမယ်နော်"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now