ပထမဆုံး စီစဉ်ထားသော အလုပ်အနည်းငယ်နှင့် ပတ်သက်၍ ရုန်ယီက သူ့အကြံဉာဏ်ကို ပေးလိုသည်။ နောက်ဆုံးတစ်ခုကတော့ ရုန်ယီက တော့ သူ့၏ အကူအညီမဲ့မှုကို ဖော်ပြလိုက်ပါသည်။

ချန်းခယ့်ယောင် သူ့ကို တိုင်ပင်သောအခါ ရုန်ယီ ဟာ သူ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်နှင့် သူသည် သိမ်သိမ်မွေ့မွေ့နဲ့ မနေထိုင်ခဲ့ဘူးဟု ခံစားခဲ့ရသည်။ သူက အလှကုန်တွေ မသုံးခဲ့ဖူး‌ပေ ။

Concealer အကြောင်း သူဘယ်လိုသိနိုင်မလဲ......

ချန်းခယ့်ယောင် စိတ်ပူသွားသည်။ ပြန်လာ သောလေယာဉ် ပေါ်၌ သူအချိန် တစ်၀က်အားသူ့မျက်နှာပေါ်က အမာရွတ်ပေါ်၌ကုန်ဆုံးခဲ့ပြီး ကျန်တစ်ဝက်ကတော့ မိတ်ကပ်အချက်အလက် အမျိုးမျိုးကို ရှာဖွေနေခဲ့သည်။

ထိုအရာက သူ့ဘေးမှာ ထိုင်နေတဲ့ ရုန်ယီ၏ စိတ်ကို ရှုပ်ထွေးသွားစေသည်။

ချန်းခယ့်ယောင် အနည်းငယ် ပိုလွန်းသလားဟု သူတွေးနေမိသည်။ သူ၏ဝန်ခံမှုအောင်မြင်ပြီးနောက်တွင် သူ့အား အားပေးမှုများစွာပေးခဲ့သော ထိုသူငယ်ချင်းကို လုံးဝမေ့သွားခဲ့သည်။ မနေ့ညတည်းက ရုန်ယီပို့ထားသော မက်ဆေ့က ဆယ်နာရီပင် ကျော်နေလေ‌၏။ သို့သော်လည်း ရုန်ယီက ယခုအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။





ချန်းခယ့်ယောင် ဝန်ခံဖို့ ချီတုံချတုံဖြစ်နေချိန်မှာတောင် သူဒီလို ပုံမျိုး‌တော့ မဟုတ်ခဲ့ပေ ။ ရုန်ယီသည် ခဏတာ ဂရုမစိုက်ဘဲ ဝင်စာပုံးထဲတွင် မဖတ်ရသေးသော မက်ဆေ့ချ်များစွာ ရှိနေလိမ့်မည်။ ကောင်းပြီလေ၊ အခု ချန်းခယ့်ယောင်က အောင်မြင်သွားတော့ သူငယ်ချင်းက အသုံးမဝင်တော့‌ပေ ။ သူ့စိတ်ထဲတွင်တော့ ထိုအင်တာနက်သုံးစွဲသူအား လုံးလုံး မမှတ်မိတော့ပေ။



“ဟေး ဒီကိုကြည့်...”

ချန်းခယ့်ယောင်က ရုန်ယီ၏ဘက်သို့ ရုတ်တရက်လှည့်လိုက်ပြီး ရှေ့၌ မိုဘိုင်းဖုန်းစခရင်ကို ချထားလိုက်သည်။

“ ဒီမှာ "ပြီးပြည့်စုံတဲ့ concealer က ပြီးပြည့်စုံတဲ့ အသားအရေကို ပြသပေးတယ်” လို့ ရေးထားတယ်"





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now