Intro

41 3 0
                                    

တွေဝေရ၊ မိန်းမောရနဲ့ ဒိုင်ယာရီစာအုပ်လေးရဲ့အဆုံးသတ်ကိုလှန်ကြည့်နေမိတယ်။ တစ်နေရာအရောက်မှာ သူ့ရဲ့လက်တို့ရပ်တန့်သွားမိတယ်။ သူနောင်တတွေရနေမိပါပြီ။ နောင်တတွေဆိုတာ နောင်မှရတတ်ကြတာပဲမလား။ သည်နောင်တတွေကို ပြင်ဆင်ဖို့အခွင့်ရေးဆိုတာမျိုးရှိလာခဲ့ရင်ရော ရခဲ့တဲ့နောင်တတွေအတွက် ပြန်လည်ပေးဆပ်နိုင်ပါမည်လား... ဒိုင်ယာရီစာအုပ်လေးရဲ့အဆုံးသတ်ရောက်လေ သူ့မှာနောင်တတွေရလေ၊ နှလုံးသားဟာနာကျင်မှုတွေကို ပွေ့ပိုက်မိလေပါပဲ... ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာမှာ ရေးခြစ်ထားတဲ့စာလေးက...

Dear Cyrus,

ဒီနေ့ကိုယ့်နေရာမှာတော့
ကြယ်တွေကြွေတယ် Cyrus...
ကြယ်ကြွေတဲ့အချိန်ဆုတောင်းရင်
ဆုတောင်းပြည့်တယ်ဆိုလို့
ကိုယ်ဆုတစ်ခုတောင်းခဲ့မိတယ်...
သေခါနီးကိုယ့်အတွက်
အသက်ဆက်ရှည်စေဖို့ဆုတောင်းလဲမဟုတ်ခဲ့သလို
Cyrus ကိုယ့်ကိုသတိရနေပါစေလဲမဟုတ်ခဲ့ဘူး။

ကိုယ့်နှလုံးသားဖြစ်တည်ရာ
Cyrus... စိတ်အေးချမ်းမြေ့ပါစေပေါ့။

                                                            From Jefferson

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

Dear Cyrus,Where stories live. Discover now