Episode 1🍀

2.3K 49 1
                                    

              "ဟူးးးးး အဆင်မပြေခြင်းတွေ ဘယ်နေ့‌ပျောက်ဆုံးမလဲ...."

ပြောနေသူမှာ အရွယ်နဲ့မလိုက်အောင် မိသားစုက စိတ်ဖိစီးမှုများနဲ့ခံစားနေရတဲ့ ၁၀  တန်းကျောင်းသူ 'ထိပ်ထားမောင်'

ထိပ်ထားသည် အရပ်ရှည်ရှည် မိန်းကလေးဆန်စွာ   ချစ်ဖို့ကောင်း‌ေသာ်လည်း  boyishဆန်သည့် ဘက်တွင်ရှိသည်။ ဘယ်ဘက်ပါးတွင် ပါးချိုင့်တစ်ဖက်ပါ၍ အကြည့်တို့မှာ စူးရှလှသည်။ မျက်ခုံးမွှေးတို့မှာလဲ ထူထူဖြင့် ဆက်လျက်ရှိသည်။ ဆံပင်ကေမှာ ရှေ့စမိတ်ချကာ ဂုတ်ဝဲဖြစ်သည်။

ထိပ်ထားတစ်ယောက် Bright Education School Mandalay မှာ ပညာသင်ဖို့ တက်ကြွမှုမရှိစွာ ပြင်ဆင်နေလေသည်။

            " ဒေါ်လှသိင်္ဂီထွန်းရေ လိုက်ပို့တော့"

ဟုဆိုကာ ပြောပေမယ့် အပြစ်မမြင်ရှာသူ မာတာမိခင် ။ မွေးချင်းမှာ သမီးလေးတစ်ယောက်ထဲရှိတာရယ် အိမ်မှာ ယောကျာ်းဖြစ်သူနှင့် နေ့တိုင်းမပြေလည်သည်ကို သမီးဖြစ်သူ ခံစားနေရ‌မှန်း သိသည်မို့ အလိုလိုက်ထားသည် ဆိုလဲ မမှားပေ။

            "ဟျောင့်မ လာပါအုန်း............နင့်ကို mention@ခေါ်ထားတာ မပြန်သေးဘူး ခုထိ"

ဆိုလိုက်သူကား ထိပ်ထား သူငယ်ချင်းဖြစ်သူ
သွန်းဝတ်ရည်မေ။ထိပ်ထားသည် အပေါင်း အသင်းကောင်းသူ ဖြစ်သော်လည်း ဝတ်ရည်ကိုသာ အခင်ဆုံးနှင့်အချစ်ဆုံးဖြစ်သည်။ဝတ်ရည်သည်လဲ သည်လိုသာ။

ဝတ်ရည်မှာ အရပ်ပုပုနှင့် ပါးဖောင်းဖောင်း တရုတ်ဗမာ ကပြားလေးဖြစ်သည်။

               "ရှင်လေးမှ မသိတာ ဒီမှာ အိမ်ကကလေးနှစ်ယောက်    ရန်ချည်းဖြစ်နေလို့ စိတ်ပေါက်"နဲ့     လိုင်းကို  မတက်ဖြစ်တာ"

                 "နင့်အိမ်က အဖေနဲ့အမေကလဲဟာ နင်နဲ့ငါစသိကတည်းက အဆင်မပြေလာကြတာ ငါနဲ့ငါ့crushညားပြီးရင်တောင် ရပ်ပါ့မလား"

                 "ဟာ့...ဟားးး နင်ကတော့ ပြောတော့မယ်ဟာ "

                 "နင်စိတ်အဆင်ပြေအောင်
‌ေပြာတာပါနော် တော်ကြာ စာသင်ရင်း နှုတ်သီးဆူနေမှာ စိုးလို့"
    

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now