21:21

1.2K 95 6
                                    

''ကူးငယ်ကိုပြန်ခေါ်ပေး အခုပြန်ခေါ်ပေး''

ဆေးရုံဝန်းရဲ့အခန်းငယ်လေးတစ်နေရာမှာ အော်ဟစ်သောင်းကျန်းနေသော မျက်ရည်စတွေနဲ့ကောင်ငယ်လေးတစ်ယောက်။

''ကူးငယ်က ဘာအပြစ်လုပ်ထားလို့ Hyung က တမင် ရက်စက်ပြရတာလဲ ဒီတိုင်း ဒီတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူးလား....အင့်.... ဟင့်''

တသိမ့်သိမ့်ရှိုက်ငိုနေရင်းမှ စိုက်ကြည့်လာသော အကြည့်တစ်ချို့အား Kimရော Jin Hyungပါ မနှစ်သက်ပေ။

''ကလေးလေးရယ် ကူးငယ်က မကြာခင်ပြန်လွတ်မှာပါ သူတို့အကြာကြီး မချုပ်ထားပါဘူး အာ့ကြောင့်မို့ ကလေးလေးက တရေးလောက်အိပ်လိုက်ပါနော်''

''ဘာ....ဟင့်....ကျွန်တော့်ကို အိပ်ဖို့ပြောနေတာလား ရင်ထဲမှာ ပူလောင်လွန်းလို့ ဘယ်လိုအိပ်ရက်ပါ့မလဲ ကိုယ့်ကြောင့် သူက အပြစ်မရှိရပါပဲ ထောင်ထဲမှာ လွတ်လာခဲ့ရင်​လည်း မျက်နှာချင်းတောင်မဆိုင်ရဲဘူး....Hyung သိလား ကူးငယ်လေးက မုန်းနေတော့မှာ''

အသံလေးကတိုးတိုးလေးရယ်ပါ။
ကြောက်လန့်ခြင်းစာမျက်နှာတစ်ချို့ပြန်လှန်မိတဲ့အခါကလေးငယ်ဟာ နဂိုပုံစံအတိူင်းသေးငယ်သွားခဲ့တဲ့စိတ်တွေ။

''မုန်းသွားတော့မှာ...ပီးတော့ သူပြန်လွတ်လာရင်လည်း....ကျွန်တော့်ကို ပြန်ပီးမြေအောက်ခန်းထဲထပ်ထည့်မှာ....ကျွန်တော် ကြောက်တယ် ပီးတော့ Jin Hyung က သူ့ကို ပြန်ဖမ်းမှာ ပီးရင် ကျွန်တော် တို့အခုလိုဝေးဦးမှာ သိပ်ကြောက်တယ်!!!!""

မျက်ရည်စတစ်ချို့ကိုသုတ်ကာ စောင်အောက်ခေါင်းတိုးဝှေ့သွားတော့သည်။
သူသိပ်ပင်ပန်းသွားပြီ။
မကြာခင်အိပ်ပျော်သွားတော့မှာ။
အသက်ရှူသံမှန်မှန်လေးကြားရတဲ့အခါကျမှ နှစ်ယောက်သား အခန်းတံခါးလေးစေ့ကာ ထွက်လာခဲ့သည်။

Jin Hyung က တော့ အခန်းပြင်ရောက်သည်နှင့်ပြိုတော့မည့်မိုးလို ယိုင်နဲ့နဲ့။

''စိတ်မပူပါနဲ့ သူ့စိတ်တွေ က အရင်လိုဝေခွဲမရတုန်းပဲ ချစ်လည်းချစ်တယ် သူ့အပေါ် ထားခဲ့မှာလည်းသိပ်ကြောက်ပီး အနားမနေရဲတာလည်းဖြစ်နေတယ်'

Light on meWhere stories live. Discover now