''ဝိုင် တစ် ခွက်ပေးပါ သူ့ကိုမေ့နိုင်ခြင်းနဲ့စပ်ပေးနော် ရီဝေဝေလေးပေါ့''
Taeက bar ရဲ့ကောင်တာကိုမှီကာ ခပ်ဆွေးဆွေးမျက်နှာထားဖြင့် မေ့လျော့ခြင်းဝိုင်တစ်ခွက်အား အမှာပြုနေသည်။
ချစ်ခဲ့လေခြင်းအစဟာ Jeonဆိုရင်
လွမ်းဆွေးခြင်းရဲ့အဆုံးဟာလည်း Jeonပါပဲ
မေ့လျော့ဖို့အတွက် မူးယစ်စေတဲ့ ဝိုင်တွေကို နေ့စဥ်မပျက်သုံးဆောင်လာပါသော်လည်း ပိုသတိရစေခြင်းတွေကအနာတရတွေပါပဲ။
မေ့နိုင်ခြင်းတွေရောစပ်ပါဆိုကာမှ တမ်းတခြင်းတွေနဲ့မှားပီးစပ်ခဲ့လေသလား Waiter မင်းသိပ်ရက်စက်တာပဲကွာ....။မူးခါစလေးရှိပါသေးသည် အလိုက်မသိဝင်လာတဲ့ဖုန်းCallလေးတစ်ခုကြောင့် အရှိန်တက်နေရင်းမှပင် ကိုင်လိုက်မိသည်။
''Tae မင်း ဘယ်မှာလဲ ''
''ငါ...Barမှာ''
''မင်းကိုဂရုမစိူက်မိတာနဲ့ပဲ ညဘက်တွေအပြင်သိပ်ထွက်နေတယ်နော် ငါမပြောချင်ဘူး ''
Jeonဘက်က ငြိုငြင်သလား ဆူသလား မမည်တဲ့အသံတစ်ချို့ကြောင့် ဝိုင်ခွက်မော့နေရင်းမှပင်ပြုံးမိသေးသည်။အချစ်ကဆန်းကြယ်လိုက်တာ။မေ့ပစ်ဖို့ကြိုးစားကာမှပင် နာနာကျင်ကျင် မျောပါမိတုန်း...။
''ငါလာကြိုမယ် စောင့်နေ''
တစ်ဖက်မှTaeသည် မူးပုံပေါ်နေတာကြောင့် ဖုန်းကိုခပ်မြန်မြန်ချကာ ကားသော့ဆွဲရင်းထတော့ ရှေ့တည့်တည့်ကအရုပ်ကလေးသည် မျက်ဝန်းမှေးမှေးလေးတွေဖြင့်စိုက်ကြည့်လာသည်။
''မောင် ပြန်လာခဲ့မယ် ကိုကို''
''ကြာမှာလား နောက်ကျနေပြီဆိုတော့လေ''
''မကြာဘူး ခဏပဲ ''
အပြေးထွက်သွားသူအားကြည့်ကာ စားသောက်ဆိုင်အလယ်ဝိုင်းတွင်တစ်ယောက်ထဲ ကျန်ခဲ့လေသည်။
အိမ်မှာထမင်းစားရတာအဆင်မပြေဟုဂျစ်ဆွဲလာသူကြောင့် ညမိုးချုပ်လည်းကြောက်လန့်နေရင်းမှပင်အဖော်ပြုကာလိုက်လာပေးပါသော်လည်း ထိုသူကတော့ ထားခဲ့ချေသည်။
လူသွားလူလာတဖြေးဖြေး ရှင်းသွားသော လမ်းမထပ်ကိုငေးကြည့်ရင်း နာရီလက်တံသည်လည်းတရွေ့ရွေ့ဖြတ်သန်းနေတော့သည်။