7:7

1.2K 116 2
                                    

မနေ့ညနေကျောင်းပြန်လာထဲက အခန်းထဲ ဝင်သွားတာ မနက်မိုးလင်းတဲ့အထိ ထွက်မလာတော့ချေ။အခြေမနေကို Hoseok ကပြောပြသွားတာမို့ Jin အားလုံးသိနှင့်ပီးသားဖြစ်သည်။
ကော်ဖီခွက်ကလေးကိုင်ကာ သူ့ရဲ့အခန်းဝရှေ့ ​ခြေစုံရပ်နေမိသည်။တံခါးခေါက်ဖို့ဟန်ပြင်ကာမှ ပွင့်လာသော တံခါးနှင့်အတူ ခြေအိတ်အဖြူရောင်လေးတစ်စုံသည်အခန်းပြင်သို့ထွက်လာသည်။

''ကော်ဖီသောက်ရအောင် ''

''ဘာမှမသောက်ချင်ဘူး ကျွန်တော် အပြင်ခနသွားဦးမယ် Hyung ကားစီးသွားလို့ဖြစ်တယ်မလား''

''အင်းပါ ဂရုစိုက် ပြီးမောင်းသွားနော်''

''ဟုတ်ကဲ့''

အစထဲက ပါးပါးလွှလွှ ခန္ဓာကိုယ်သည် တစ်နေ့ထဲ စိတ်ဓာတ်ကျမှု ငိုယိုမှုကြောင့် ယဲ့ယဲ့လေးသာ ကျန်တော့သည်။
ကားစက်နှိုးသံနှင့်အတူJiminသည် အပြင်သို့မောင်းထွက်သွားတော့သည်။iii

''Seok Jinဆရာကြီးဆီက ဖုန်းလာနေတယ်''

''အော် ဟုတ်ကဲ့ အန်တီ အန်တီလည်း ချက်ပြုတ်ပီးရင်နားတော့လေ''

''Jimin အဝတ်လေးတွေ မီးပူတိုက်ပီးရင် ပြီးပါပီ''

''ဟုတ်ကဲ့ ဒီကော်ဖီလေးပါ သူ့အခန်းထဲ ထည့်ပေးပါဦး''

အန်တီ ဆွိလက်ထဲ ကော်ဖီခွက်လေး ထည့်ပေးကာ တယ်လီဖုန်းမြည်သံဟိန်းနေသော ဧည့်ခန်းသို့ထွက်လာခဲ့တော့သည်။

>>>>>>>>>>>>>>>>>>>>>>>>♥

''အရေးတကြီး ဖုန်းဆက်ခေါ်တယ်ဆိုတော့ လန့်သွားတာပဲ ဘာဖြစ်လို့လဲ Jimin နေရော ကောင်းရဲ့လား''
တစ်ယောက်ထဲဖြစ်နေသည်မို့ Hoseok ကို အတူနေပေးရန်ဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်သည်။တစ်ယောက်ထဲကော်ဖီဆိုင်ထိုင်ရတာထပ်နှစ်ယောက်ဆိုတော့ ပိုနေရသက်သာစေခြင်းကြောင့်ဖြစ်သည်။
''နေကောင်းပါတယ် ငါက အက်လိုပဲ ငါသိပ်ကြိုက်တဲ့ဟာဆူံးရှူံးရရင် အက်လိုပဲ ဖြစ်တတ်တယ် ''

''Park Jiminက အစွဲလမ်း ကြီးသကိုး''

''နည်းနည်းပါပဲ ''

''အဲ့လူအတော်ဆိုးတယ်''

''သူ့အကြောင်း​ပြောမနေပါနဲ့ စိတ်ပျက်တယ်''

Light on meWhere stories live. Discover now