"ခင်ဗျား ဆိုင်ကယ်ဦးထုပ်တောင်မဆောင်းတတ်ဘူးလို့တော့မပြောနဲ့နော်"

ဒါပေမယ့်ဘယ်လိုလုပ်ရမှာလဲ ကျွန်တော်မှ တကယ်မဆောင်းတတ်တာကို။ဟင်းခနဲ သက်ပြင်းတစ်ချက်ချရင်း ကျွန်တော်မေးစေ့ကို ထိခတ်လာသော အေးစက်စက်လက်ဖျားထိပ်ကလေးများ။ကျွန်တော် အလိုလိုအသက်ရှုအောင့်ထားလိုက်မိသည်။ထို့နောက် ကျွန်တော့်လက်တွေကိုဆွဲပြီး သူ့ခါးထက်မှာနေရာချလိုက်သည်။

"တင်းတင်းကိုင်ထား ဒါတောင်ကြားလမ်း ပြုတ်ကျရင်တာဝန်မယူဘူး"

ဒီတစ်ခါတော့ သူဘာမှပြန်မဖြေမိခဲ့။လာကြိုသည့်လူပြောသည့်အတိုင်း ခါးကိုသာတင်းတင်းဖက်ထားလိုက်တော့သည်။

"ဒါနဲ့ …လာကြိုတဲ့လူကဘယ်အတန်းကိုသင်တဲ့ဆရာလဲဗျ"

"ဆရာ…ကျွန်တော့်ကိုပြောတာလား'

"ဟုတ်ပါတယ်ဗျ"

"ကျွန်တော်က ဆရာမဟုတ်ဘူး…"

"ဟမ် မဟုတ်ဘူးလား"

"မဟုတ်ဘူး…ကျောင်းသား"

"အော်…ဒါပေမဲ့ လာကြိုတဲ့လူကလူကြီးပုံပေါက်တယ်နော် …"

"ကျစ်…ခင်ဗျားကစကားများလှချေလား"

သက်ပိုင်ပါးစပ်ကလေးကိုအသာပိတ်လိုက်ရတော့သည်။လေတစ်ချက်အဝှေ့တွင် ကပ်ပါလာသည့် ရနံ့ကလေးကြောင့်ပေလား သူ့စိတ်တို့ပိုမိုနိုးကြားနေသကဲ့သို့။စိတ်အလိုအရသာဆို ရှေ့သို့ပိုမိုတိုးကပ်၍နမ်းရှုတ်ကြည့်ကာ မည်သည့်ရနံ့ဟုခွဲခြားကြည့်လိုက်ချင်သော်လည်း ခုနကကဲ့သို့ကြောင်တောင်တောင်နဲ့ဟုအပြောခံရမည်စိုးသောကြောင့်ရင်ထဲမှ ဆန္ဒကလေးအားသိမ်းထားလိုက်ရတော့သည်။လမ်းကဝေးသည်။လေလေးကလည်းတဖြူးဖြူးတိုက်ခတ်နေသောကြောင့် ခဏအကြာတွင်သူ့မျက်ခွံတို့လေးလံလာခဲ့ချေပြီ။

သူလမ်းတစ်လျှောက်အိပ်ငိုက်လာခဲ့ပြီးနောက် ဟန့်သံတစ်ခုကိုကြားမှအသိဝင်လာတော့သည်။

"ဒီမှာ…‌ထတော့…ရောက်ပြီ"

"ဟမ်…အော်…ဟုတ်"

လာကြိုသည့်လူက ဘာကိုအလိုမကျမှန်းမသိ သူ့ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now