hun : တော်တော့နော် မင်းတို့ဆေးထိုးမနေနဲ့ lu ကိုယ်က
lu အထင်လွဲမှာကိုစိုးရိမ်ပြီး ရှင်းပြတာစကားတောင်မဆုံးလိုက် Lu ကhun စကားကိုတားလိုက်ပြီး
lu : အတိတ်ကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ lu ဂရုမစိုက်ဘူး hun လက်ရှိပအချိန်ကိုပဲ lu ဂရုစိုက်တာ ပြီးတော့ hun ကိုယုံတယ်။
ချစ်သူဆီက hun ကိုယုံတယ် ဆိုတဲ့စကားကြောင့် သူအရာရာကိုရင်ဆိုင်နိုင်တဲ့သတ္တိတွေပေါ်ပေါက်လာခဲ့တယ်။
____________________
အတန်းထဲမှာစာသင်နေတာလည်း Kai တစ်ယောက်အာရုံမရ soo အိမ်ပေါ်ကဆင်းသွားပြီးဘယ်ရောက်နေလဲဆိုတဲ့စိတ်နဲ့ နောက်ပြီး ဘာလို့သူ့ကိုအထင်လွဲတာလဲဆိုတဲ့ကိစ္စတွေပေါ့။
ring ring ^^
Kai အတွေးလွန်ပြီးခေါ်မကြားအော်မကြားဖြစ်နေတာနဲ့ပဲ hun ကဖုန်းကိုင်လိုက်တယ်။ပြီးတော့
hun : Kai ... Soo ဆေးရုံမှာတဲ့
hun စကားအဆုံးမှာစာသင်နေတဲ့ဆရာကိုတောင်ဂရုမစိုက်နိုင်ပြေးထွက်သွားတော့
hun : တောင်းပန်ပါတယ်ဆရာ သူ့ကောင်မလေးဆေးရုံတင်ထားရလို့ပါ ခွင့်ပြုပါဆရာ
hun ... yeol ,beak , lu တို့ကိုခေါ်ပြီး Kai နဲ့အတူ ဆေးရုံကိုပြေးရတာပေါ့။သူတို့ကစိုးရိမ်လွန်ပြီး အရေးပေါ်မှာလိုက်ရှာတာမတွေ့တော့ကောင်တာမှာပဲမေးလိုက်တယ်။
Hun : Do Khyung Soo ဆိုတဲ့လူနာဘယ်အခန်းလဲမသိဘူး
nurse : 88 ပါ
မသိရင် hun ရည်းစားကျနေတာပဲ hun ကပဲမေးနေရတယ်လေ။ kai ကတော့စိတ်ပူတဲ့အလုပ်ပဲလုပ်တယ်။
In Room No .88 >>
" Soo ... "
ကုတင်ပေါ်တင်လှဲနေသော Soo ထံသို့ပြေးသွားပြီးထွေးပွေ့ထားလိုက်တယ်။
Kai : Soo ရယ်ဘယ်လိုဖြစ်တာလဲကွာ ခေါင်းမှာလည်းပတ်တီးအဖွေးသားနဲ့ ဘယ်လိုဖြစ်ရတာလဲ :'( :'(
လူနာကဘာမှမဖြစ်ရဘူး သတင်းလာမေးတဲ့သူကငိုနေလေတယ်။Lu နဲ့ Beak ကအံ့သြနေတာပေါ့။တကယ့် ice prince Kai လည်းအချစ်နဲ့တွေ့တော့ အရည်ပျော်ပြီးအငွေ့ပါပျံနေပြီလေ။ပြီးတော့ Kai အမြဲတမ်းတစ် soo တည်း soo နေတဲ့ကောင်မလေးကဒီလောက်ချစ်ဖို့ကောင်းမှန်းသူတို့သိခဲ့ရပြီလေ။တကယ်တော့ soo ကမနေ့က Bar မှာ မူးပြီး fighter လုပ်တာပေါ့။သူ့ကိုဘယ်သူကမှဘာမှမလုပ်ပါဘူး။မိန်းကလေးဆိုတာရယ်ကြောင့်ရော ဒီ Bar ကလူတွေက Kai ရဲ့ ချစ်သူဆိုတာသိနေတာကြောင့်ရောဘာမှမလုပ်ပေမယ့်သူဟာသူယိုင်လဲပြီးတံခါးနဲ့ခေါင်းနဲ့ဆောင့်ပြီးခေါင်းပေါက်သွားတာ။
soo : Kai ah ... ခေါင်းကလေ အရမ်းနာတာပဲသိလား :'( :'(
kai : မငိုပါနဲ့ Soo ရယ် Soo ငိုရင်ကိုယ်လည်းနာကျင်ရလို့ပါနော် ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကိုသာ Soo အထင်မလွဲခဲ့ရင် Soo လည်း ဒီလိုတွေဖြစ်မှာမဟုတ်ဘူး တိတ် တိတ်
soo ရဲ့ မျက်ရည်တွေကိုသုတ်ပေးပြီးသူကျတော့မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေလေရဲ့။အမလေးလေးး ခေါင်းပေါက်လို့ ၂ ချက်လောက်ချုပ်ရတာကို ဦးနှောက်ခွဲစိတ်ထားတဲ့လူနာဒီဇိုင်းနဲ့အကဲပိုနေကြပုံများ။hunhan ကတော့သူတို့၂ ယောက်ကိုပြုံးပြီးကြည့်နေပေမယ့် chanbeak အမွှေ ၂ ယောက်ကတော့
yeol : တော်ကြပါတော့ကွာ ပိုကိုပိုတယ် တကယ်တော့ မှားတာကငါတို့ပါ beak ကသာဓာတ်ပုံတွေကို Soo's Acc ကို မပို့ခဲ့ဘူးဆိုရင် Kai soo လည်းပြသနာမတက်သလို soo လည်းဆေးရုံမရောက်ပါဘူး
Kai မျက်ရည်စက်လက်နဲ့
Kai : ဓာတ်ပုံ ???
beak : ဟုတ်ပါတယ် soo ရယ် beak တို့ရဲ့ဆေးထိုးတတ်တဲ့အကျင့်ကြောင့် စနောက်လိုက်မိတာပါ တောင်းပန်ပါတယ်နော် ပြီးတော့ ဓာတ်ပုံထဲကတစ်ယောက်ကတခြားလူမဟုတ်ပါဘူး Yeol ပါ
Soo : ရပါတယ် Soo စိတ်မဆိုးပါဘူး Kai ကိုမယုံကြည်ခဲ့မိတဲ့ Soo ကိုယ် soo ပဲစိတ်ဆိုးတာပါ kai ... Soo တောင်းပန်ပါတယ်နော် Soo ... Kai ကိုယုံကြည်ပါတယ် ရုတ်တရက်မို့ထူပူသွားတာပါ
အားလုံးကျေအေးပြီးကာမှ Kai ကဇာတ်ရည်လည်ကာ
Kai : Bor !!!!! ဒါဆို Soo နဲ့ ငါ လမ်းခွဲတဲ့အထိဖြစ်ခဲ့ရတာ မင်းတို့လက်ချက်ပေါ့ ဟုတ်လား Soo ဆေးရုံရောက်ရတာ ငါ့ကြောင့်မဟုတ်ဘူးပေါ့ ငါကငါ့ချစ်သူလေးကို ချော်လဲပြီးပွန်းပဲ့မှာတောင်စိုးရိမ်တဲ့လူကွ အခုခေါင်းပေါက်အောင်တောင်ဖြစ်သွားတယ် ငါဘယ်လိုခံစားရလဲမင်းသိလား$&%%&%$&**$#%&%#$
~~~~~~~~~~~~~TBC~~~~~~~~~~
တော်တော်ဆိုးတဲ့ chanbeak နော် ။ဟီးးးး Kaisoo moment လေးထည့်လိုက်ပြီဆိုတော့ နောက်ပိုင်းမှာ hunhan moment လေးနဲ့ chanbeak ခံရမယ့်အလှည့်ပေါ့ကွယ်။ဒီအတွဲကိုပညာပေးမှဖြစ်တော့မယ် သူများအတွဲတွေကိုလိုက်နှောင့်ယှက်နေတယ်။အရေးအသားစုတ်တာလေးတော့သည်းခံပါလို့။Thz For Reading 90° bow... Saranhae ^_^
Fighter Soo ^_^
Start from the beginning
