Yeol ရဲ့ပုံစံကိုကြည့်ပြီး kai သောက်လက်စရေတွေဖွီးခနဲထွက်သွားတယ်။လုပ်လာတဲ့ပုံကိုလည်းကြည့်ဦးလေ။ဆံပင်အတုတပ်ပြီးမိန်းကလေးလိုဝတ်ထားတာ။beak ကတော့ဘာမှဝင်မပြောဘူး။game သာသည်းကြီးမည်းကြီးဆော့နေတယ်။ဒါကိုသာ kai သတိထားမိခဲ့ရင် Trap ထဲဝင်သွားမှာမဟုတ်ဘူး။yeol က kai ကိုဆွဲခေါ်ကာ sofa မှာထိုင်စေပြီးသူမိန်းကလေးလိုသရုပ်ဆောင်ပြ မယ်ဆိုပြီးအတင်းကိုဖက်ပြီးစကားပြောတွေနဲ့ဟာသတွေပြောလေတော့ kai မထိန်းနိုင်ဘဲရယ်မိတော့တာပေါ့။အဲ့ဒါကိုအမိအရမှတ်တမ်းတင်နေတာက မိဘတ် !!!!!
_____________________________
အခုတလောကျောင်းမှာhit ဖြစ်နေတာက kai ပါပဲ။sehun နဲ့ yeol နဲ့ကချစ်သူရသွားပြီဆိုပြီး kai ကိုဝိုင်းလုနေတာလေ။soo ရှိတာမသိဘဲနဲ့ပေါ့။ဒီနေ့လည်းထုံးစံအတိုင်း canteen မှာစကားဖောင်ဖွဲ့နေကြစဉ်
" Kim Kai ... "
ခေါ်သံကြောင့်Kai ဒေါသမျက်ဝန်းနဲ့လှည့်ကြည့်လိုက်တယ်။ဟုတ်တယ်လေ သူလို fighter ကို ဘယ်ကောင်က ဒီလိုလေသံမာနဲ့လာခေါ်တာလဲပေါ့။ဒါပေမယ့်သူလှည့်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပုံစံ ၃ မျိုးပြောင်းသွားတယ်။ပထမ ဒေါသမျက်ဝန်းနဲ့လှည့်ကြည့်လိုက်ပြီးချက်ချင်းအံ့သြတဲ့မျက်နှာဖြစ်သွားတယ်။ပြီးတော့ခဏအတွင်းမှာပဲ Puppy's eyes ဖြစ်သွားတယ်။အကြောင်းကတော့သူ့ကိုခေါ်တဲ့သူက ချစ်သူလေး soo ဖြစ်နေတာနဲ့ နောက်တစ်ခုက soo မျက်လုံးတွေကမီးဟုန်းဟုန်းတောက်နေတာကြောင့်ပါပဲ။kai ဘာမှပြောချိန်မရလိုက် soo ကနားရွက်ဆွဲပြီးခေါ်သွားပြီလေ။ကောင်မလေးတွေကဘာလဲဆိုတဲ့ပုံနဲ့ကြည့်နေကြတယ်။hunhan ကလည်းအံ့သြနေတာပေါ့။chanbeak ကတော့ ပြုံးစိစိနဲ့လေ။
--------------------fighter soo -----------------
kai : soo ... ဖြည်းဖြည်းလုပ်ပါကွာ ကိုယ့်နားရွက်ပြတ်ထွက်တော့မယ် ကိုယ်ဘာမှားလို့လဲကွာ
sooကဘာမှပြန်မပြောဘဲ kai ကိုကားပေါ်တက်ခိုင်းပြီးမောင်းသွားလေတယ်။မြစ်ကမ်းဘေးလိုနေရာမှာရပ်လိုက်ပြီး
soo : Kai ... ငါနင့်ကိုအရမ်းချစ်ခဲ့တာတကယ်တော့အလကားပဲသိလား နင်ကသစ္စာမရှိတဲ့လူမှန်း ငါသိလိုက်ရပြီ ငါနင်နဲ့အတူတူမနေနိုင်တော့ဘူး ငါနင့်ကိုမုန်းလိုက်ပြီ kai
