Chapter 156- Edmond Dantés 27

2.2K 408 128
                                    

Unicode

တရုတ်ရိုးရာနှစ်ကုန်ခါနီးဖြစ်သည့်အတွက် လော့ချန်မှာ အရင်ကထက် အလုပ်များနေသည်။ မုရှောက်ချင်က မြို့ပြင်တွင် စာသွားသင်နေရသည့်အချိန်ဖြစ်၍ သူတစ်ယောက်ထဲ ကျန်ခဲ့ကာ ထမင်းလဲ အရသာရှိရှိ မစားနိုင်။ ထို့ကြောင့် အလုပ်တွင်သာနေ၍ ညစာထမင်းကိုပါ ကန်တင်းတွင် စားပြီးမှ အိမ်ပြန်သည်။

တက္ကစီက သူ့အိမ်ရှေ့ရောက်သည့်အခါတွင် ညကိုးနာရီပင် ထိုးလုနီးပါးဖြစ်နေပြီ။

ထို့နောက်တွင်တော့ အိမ်ပေါက်ဝတွင် စောင့်နေသော သူ့သားကို ကောက်ခဲ့ရသည်။

လော့ဝမ့်ကျိုးက သူ့မိဘအိမ်ရှေ့တွင် စောင့်နေသည်မှာ အတော်ကြာပြီဖြစ်၏။ အအေးဒဏ်ကို မမှုပဲ ငယ်ရွယ်မှုနှင့် ကျန်းမာရေးကောင်းသည်ကို အားကိုးကာ အံကြိတ်နေသည်။ ကုတ်အင်္ကျီကိုလဲ ပြောင်းပြန်တွေ ဝတ်လာသည့်အတွက် ခေါင်းအုံးတစ်လုံးကို ဖက်ထားသည့်ပုံပင် ပေါ်နေသည်။ လော့ဝမ့်ကျိုးက လှေကားရင်းတွင် ထိုင်နေကာ ခေါင်းငိုက်စိုက်ချ၍ ဖုန်းကြည့်နေသည်။ ဆံပင်မညှပ်တာကြာပြီဖြစ်၍ ခေါင်းပေါ်တွင် ရှုပ်ပွလျက်ရှိသည်။ သူ့ဘေးတွင် ကျောပိုးအိတ်တစ်လုံးရှိနေသည့်အတွက် အစာရေစာရှားပါးသည့်အရပ်မှ ထွက်ပြေးလာသော ဒုက္ခသည်တစ်ဦးနှင့်ပင် တူနေလေ၏။

လော့ချန်က လက်နောက်ပစ်ကာ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ကြည့်ချင်စရာတစ်ကွက်မှ မရှိသည့်အတွက် အနားလျှောက်လာကာ ခြေထောက်နှင့်တစ်ချက်ကန်သည်။
" ဟေ့ကောင်.. တောင်းချင်ရင် တခြားနေရာသွားတောင်း.. ဒီနေ့ ပေးစရာ ဘာစားကြွင်းစားကျန်မှ မရှိဘူး"

လော့ဝမ့်ကျိုးက မော့ကြည့်တော့ ကြောင်အော်သံ 'ညောင်' ဟုပင် ထွက်လာသည်။ လော့ချန်မှာ ထိုအသံကြောင့် အသားတဆတ်ဆတ်တုန်သွား၏။ ထို့နောက် သေချာပြန်ကြည့်တော့မှ လော့ဝမ့်ကျိုးဖက်ထားသော ခေါင်းအုံးမှာ သက်ရှိလေးတစ်ကောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" မင်း ဘာလို့ ဒီလောက်အကြာကြီး ထိုင်စောင့်နေတာလဲ"
လော့ချန်က မေးလိုက်သည်။
" ဖုန်းလေးဘာလေးခေါ်ဖို့ မစဉ်းစားမိဘူးလား"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now