"ဟက်"...စမ်းကြည့်လိုက်လေ"
"ကျမ မကြိုက်တာကို အတင်း
ဇွတ်လုပ်ခိုင်းလို့ကတော့ ""
"တစ်စစီဆွဲဖြဲပြမယ်"
""Wedding dress မပါပဲ မင်္ဂလာ
ဆောင်ချင်သပဆို​တော့လည်း လုပ်ပေါ့""

"ဘေဘီ သိပ်ဆိုးတာပဲ....

""တို့ရဲ့ အမျိုးသမီးက မကြိုက်ဘူးတဲ့ရှင်"...အဖြူပဲ လုပ်ပေးပါ""
"ကျေနပ်ပြီလား မိန်းမ"

Wedding နှင့် ပတ်သတ်သည့် အရာများအားလုံးကို အခန်းအနားမှူးနှင့်ဆွေးနွေးတိုင်ပင်နေသည်။ တစ်နေကုန်အာပေါက်မတတ်ပြောနေသောနှင်း ဘေးတွင်တော့ လက်ပိုက်ပြီး ဒူးကိုချိတ်ကာ ခင်တစ်ယောက် မျက်နှာဆူပုပ်ကာ ထိုင်နေသည်။

အကောင်းဆုံးဟူသော စကားကိုသာခနခနကြားရသည်။ ငွေဘယ်လောက်ကုန်ကုန်ဆိုတာလည်း ထည့်ထည့်ပြောသေး။ ခင် နှင်းကို သေချာကြည့်မိသည်။ နှင်းပိန်သွားသည်။ မျက်နှာ
ချောင်ပြီး မျက်ကွင်းချိုင့်လို့။ 

"ခင်"
"ပျင်းနေပြီလား "
"ခဏပဲစောင့်နော်...ပြီးတော့မယ်"

ခင်မျက်စောင်းသာထိုးပြလိုက်သည်။

-----------

"ပြီးပြီမလား ကျမပြန်ချင်ပြီ"

"ခါးပတ်လေးတော့အရင်ပတ်"

နှင်းသတိပေးရင်း လက်ကအလိုလို ခင့် တစ်ဖက်ကခါးပတ် ကြိုးကိုဆွဲလိုက်သည်။ အနီးကပ် မြင်လိုက်​နေရသော နှင်းမျက်နှာကို ခင် ကြည့်လိုက်မိတော့
အကြည့်ချင်းဆုံသွားသည်။ဤအခိုက်အတန့်က ခင့်ကိုအသက်ရှူပင်ရပ်တန့်သွားစေသည်။ ရင်ခုန်နှုန်းများ တစ်ဒိတ်ဒိတ်မြန်လာပြီး တစ်စုံတစ်ယောက်ကြားသွားမှာပင်စိတ်ပူမိသည်။မျက်တောင်မခက်ပဲပြူးကြည့်နေသော နှင်းမျက်ဝန်းများက ခင့်ကို အကဲခက်နေသလို။ ခင်နေရခက်လာကာ......

"ပြီး...ပြီး​ပြီ ဆိုဖယ်တော့"

"အော်....အင်း" ...အဟမ်း"
"ဗိုက်ဆာလား ဘေဘီ"

"အိမ်ရောက်မှ စားမယ်"

ခင့်စကားများကို နာခံသည့် မျက်နှာထားနှင့်တည်တည်ငြိမ်ငြိမ် ကားမောင်းနေသော အမျိုးသမီးကို ခင်အခုမှ သတိထားကြည့်မိသည်။ အရွယ်တင်နုပျို​လွန်းသည်မှာ ဆယ်ကျော်သက်အရွယ်ကဲ့သို့ပင်။ဝတ်ထားသည်မှာလည်း ထုံးစံအတိုင်းအတိုအပြတ်။ နှင်းက sexy ဆန်လွန်းသည်။ တစ်ခါတစ်ရံ နှုတ်ခမ်းနီနီရဲရဲ
ဆိုးထားတတ်သေး။ ခင်နှင့် သူမ ပုံစံက ကွဲပြားခြားနားလွန်းလှသည်။ ခင်က ရိုးရိုးယဥ်ယဥ်မြန်မာဆန်ဆန်သာဝတ်တတ်ပြီး နှင်းမှာတော့ အတိုအပြတ် ဖင်ပေါ် ရင်ပေါ်မျိုးကိုသာကြိုက်နှစ်သက်သည်လား...။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now