''ဟား...ဟား...စတာကိုကွာ မင်းကလည်းအဲ့လိုကြီး ရှက်ရမ်းမရမ်းပါနဲ့ဟ''

''ဒီ....ငါမလုပ်မသားကတော့!''

ဘေးနားက ဘီယာဗူးနဲ့ ဂျိန်းစီတည့်တည့်လှမ်းပေါက်လိုက်တော့ ဂျိန်းကရှောင်ပြီးပြောင်ပြလာသည် ။

''ကဲပါကွာ...ဂျိန်းရာ ဒီကောင်ကအစမခံတာကိုစမနေနဲ့တော့ စားပြီးသောက်ပြီးပြီဆိုတော့လည်း ပြန်ရအောင် ငါသွားစရာရှိသေးလို့''

''ok....ပြန်မယ်ဗျာ ငစိုင်းမင်းလည်းသတိလေးဘာလေးထားအုံးနော် တော်ကြာဖြောင့်ရာကကောက်ကုန်မယ် ဟ...ဟ''

''ပြန်စရာရှိတာပြန် လေရှည်မနေနဲ့နားညည်းတယ်''

''အေး....အဲ့ဆိုပြန်ပြီ''

အားလုံးပြန်သွားတော့ စိုင်းအပေါ်တက်ကိုတက်ရင်းစဥ်းစားမိသည် ။ ဟိုကောင်လေး ပန်းကန်ဆေးသွားတာ ပြန်ပေါ်မလာတော့ပေ။ ဒီကောင်ကိုယ့်ကိုအမြဲရှောင်ချင်နေတာ မသိရင်ကိုယ်ကပဲ သရဲဘီလူးလိုလို ကြောက်စရာကောင်ကြီးလိုလိုနဲ့။ ဘီယာငါးဗူးအရှိန်က သူ့အတွက်ဘာမှမဟုတ်ပေမဲ့ အဲ့ကောင်အကြောင်းတွေးမိမှမူးချင်လာသလိုပဲ။

''မြူဒေါင်းငယ်!!!''

''ဗျာ......''

''အခုချက်ချင်း ငါ့အခန်းထဲလာခဲ့''

အော်ခေါ်ပစ်လိုက်တော့လည်း ခဏလေးနဲ့ရောက်ချလာသည် ။ဒီကောင်သူ့ကိုတကယ်ကြောက်နေတာများလား....

''ဘာခိုင်းမလို့လဲဟင် ကိုကို''

''ငါ့ကို လာနှိပ်ပေး''

''အော်ဟုတ်''

အိပ်ယာပေါ်ခြေဆန့်ထိုင်နေတဲ့ကိုကို့စီ တိုးကပ်ပြီးခြေထောက်ကိုအသာလေး နှိပ်ပေးနေမိသည်။ နှစ်ယောက်ထဲအခန်းထဲမှာရှိနေသည်မို့ မြူဒေါင်းအနေရခက်လှသည်။ ကိုကိုအနားနေရရင် မြူဒေါင်းရင်ခုန်တာထိန်းမရတော့ဘူး။ ကြားသွားရင် ကိုကိုစိတ်များတိုလောက်မလား။

စိုင်းမျက်လုံးတွေမှိတ်ထားပေမဲ့ မနေနိုင်ဘဲ ကောင်လေးကိုခိုးခိုးကြည့်မိနေသည် ။ဘာလို့မှန်းမသိ သူ့ကိုမြင်ရင် စိတ်ထဲမအီမသာနဲ့တစ်ခုခုလိုချင်လာသလိုမျိုး နှုတ်ခမ်းပါးပါးစီအကြည့်ရောက်မိတိုင်းလည်း အာခေါင်တွေခြောက်ရတာခဏခဏပင်။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now