14(uni)

323 9 3
                                    

Unicode

အမှန်တိုင်းပြောရရင်နှင်း လဲဝေယံကိုသဘောကျလာတာသူတို့စတွေ့ထဲကဖြစ်လေသည်။

နှင်းတို့စတွေ့တဲ့နေ့......

"ဟယ်လို ခန့်နင်ကဘယ်မှာလဲ"

"ငါက B1မှာ လာခေါ်ပေးရမလား"

"လာမခေါ်နဲ့တော့ငါမေးပီးတော့လာခဲ့မယ်"

အာ့ "တောင်းပန်ပါတယ်ရရဲ့လား"

"ဟုတ်ရပါတယ်"

နှင်း ကြည့်လိုက်တော့အရမ်းချောလိုက်တာလို့တွေးမိသွားသည်။

"ညီမကဒီကမဟုတ်ဘူးထင်တယ်ဘယ်သွားဖို့လဲ"

ဝေယံကနှင်းဝတ်ထားတဲ့ဝတ်စုံကိုကြည့်ပီးပြောလေသည်။

"သူငယ်ချင်းစီလာတာပါ အကိုတို့B1ကိုသိလား"

"အကိုတို့လဲသွားမလို့လိုက်ခဲ့လေ"

"ဟုတ်"

အခန်းရှေ့ရောက်တော့နှင်းလဲခန့်ကိုတွေ့တာနဲ့အော်လိုက်သည်။

"ခန့် ဒီမှာ"

"လာပီ ဒီကောင်တွေနဲ့ဘယ်လိုပါခဲ့တာလဲ"

"နင့် သူငယ်ချင်းလား"

"အေးမိတ်ဆက်ပေးမယ် သူကရန်နိုင်၊သူကဝေယံတဲ့"

"တွေ့ရတာဝမ်းသာပါတယ်နော် ခုနကအကိုလို့ခေါ်မိလိုက်တာsorryနော်"

"သူကငါ့အချစ်ဆုံးသူငယ်ချင်းလေ နှင်းခတဲ့"

"အင်း"

"နင့်သူငယ်ချင်းကချောလိုက်တာ"

နှင်းကသူ့ကိုကပ်ပီးပြောလေသည်။

"ဘယ်တစ်ယောက်လဲ"

"ဝေယံဆိုတဲ့တစ်ယောက်လေကြွေချင်စရာကြီး"

သူတို့စကားပြောနေကြတာကိုဝေယံကတော့ချစ်သူတွေလို့အထင်လွဲသွားလေသည်။ပြောရရင်နှစ်ယောက်လုံးကတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာကိုဖွင့်မပြောကြတာဖြစ်လေသည်။သူနှင်း ကိုဟိုကောင်ကမပြောရင်နင် ကဖွင့်ပြောလိုက်လေဆိုတော့ယောင်္ကျားလေးဘက်ကတောင်မပြောတာငါကဘာလို့ပြောမှာလဲတဲ့။သူလဲစိတ်ဖြတ်နိုင်ရင်တစ်ခြားသူနဲ့တွဲမယ်လို့ပြောပေမဲ့အခုချိန်ထိမဖြတ်နိုင်သေးဘူးထင်တယ်ချစ်သူတောင်တစ်ယောက်မှမထားဘူးသေးတာ။

Crush နဲ့နီးဖို့....Where stories live. Discover now