11(uni)

249 12 4
                                    

 Unicode 

     မင်းခလဲကိုကို့ကိုနှုတ်ဆက်ပီးတော့အထဲဝင်လာလိုက်သည်။သူဝင်လာတော့ထိုင်နေသေးတဲ့မမငယ်ကိုကြည့်ပီးမေးလိုက်လေသည်။

"မတက်သေးဘူးလားမမငယ်"

"အင်း မအိပ်ချင်သေးလို့လေ ခန့်ကပြန်သွားပီလား"

"ဟုတ် ပြန်သွားပီ"

"ဘာတွေအဲ့လောက်ပြုံးနေတာလဲပျော်စရာရှိလို့လား"

    အိမ်ထဲဝင်လာထဲကပြုံးနေတဲ့မောင်လေးကြောင့်နှင်းလဲမေးလိုက်သည်။

"ဟိုမနက်ဖြန်ကျရင်ကိုခန့်ကမုန့်လိုက်ကျွေးမယ်တဲ့"

"အော် အဲ့တာကြောင့်ကို"

    မမငယ်ပြောလိုက်တဲ့စကားကြောင့်သူလန့်သွားသည်။မမငယ်ကရိပ်မိသွားပီလားမသိဘူး။

"သွားအိပ်တော့လေမမလဲတက်တော့မယ်"

"ဟုတ်"

    နှင်းလဲလန့်သွားတဲ့မောင်လေးကြောင့်စကားလမ်းကြောင်းလွဲလိုက်လေသည်။မောင်လေးမပြောချင်သေးတာသူနားလည်ပါတယ်။သူဖွင့်ပြောမှကိုယ်ကလဲအကြံအညဏ်တွေပေးလို့ရမှာလေ မပြောသေးတော့လဲနောက်ကနေကူညီယုံဘဲပေါ့။မောင်လေးက ခန့်ကိုချစ်နေတယ်ဆိုတာသူသိတာ မင်းခရဲ့၁၈နှစ်ပြည့်မွေးနေ့ထဲကဖြစ်သည်။အဲ့မတိုင်ခင်ကသံသယဝင်ပေမဲ့အဲ့နေ့မှာပိုပီးတော့သေချာသွားတာဖြစ်သည်။မောင်လေးရဲ့ခန့်အပေါ်ကြည့်တဲ့မျက်လုံးတွေကနောက်ပိုင်းမှာပြောင်းလဲသွားပီး ခန့်နဲ့မိန်းကလေးတစ်ယောက်နဲ့အတူတွဲတွေ့ရင်လဲသဝန်တိုသလိုပုံစံတွေဖြစ်နေသည်။မောင်လေး ခန့်ကိုဖွင့်ပြောတုန်းကသူကြားလိုက်တာဖြစ်သည်။ခန့်ကတော့သူ့ကိုအကိုလိုသဘောကျတာလို့ထင်နေလေသည်။နှင်းလဲအဲ့တုန်းကမောင်လေးကငယ်သေးလို့အနေနီးတဲ့သူအပေါ်စိတ်ကစားသွားတာလို့ထင်နေတာ။ခန့်ပြန်ရောက်လာမှမောင်လေးရဲ့စိတ်ကမပြောင်းလဲသေးဘူးဆိုတာသိရသည်။မောင်လေးကတောင်ခန့်တစ်ယောက်ထဲကိုဘဲချစ်ပီးစောင့်နေသေးတာဘဲသူလဲရအောင်ကူညီပေးရမှာပေါ့။ဟိုငတုံးကောင်ကိုလဲသူ့စိတ်သူသိအောင်လုပ်ပေးရအုံးမည်။

Crush နဲ့နီးဖို့....Donde viven las historias. Descúbrelo ahora