1(uni)

969 21 0
                                    

Unicode

လူတိုင်းကပြောကြတယ်crush နဲ့ပေါင်းဖက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတယ့် သင်တို့ရောဘယ်လိုထင်လဲ။အဲ့တာဖြစ်နိုင်လားမသိပေမဲ့ကျွန်တော်ကတော့မယုံကြည်ချင်ဘူး ဘာလို့လဲဆိုရင်ကျွန်တော်ကိုယ်တိုင်မကြိုးစားကြည့်ရသေးလို့လေ။

"သမီးငယ်သမီးအကိုမနိုးသေးဘူးလား"

"မသိဘူးလေမေမေသမီးကတော့မမြင်မိသေးဘူး"

"Morning မေမေ Morning အငယ်လေး"

"Morning ပါမမငယ်"

"Morning သမီးလတ် သမီးမောင်လေးနိုးပီလား"

"မနိုးသေးဘူးထင်တယ်မေမေသမီးမတွေ့ခဲ့သေးဘူး ဒါနဲ့မေမေ ဖေဖေတို့ကဘယ်နေ့ပြန်ထွက်ခဲ့မှာလဲဟင်"

"သဘက်ခါထင်တယ်သမီးလတ်ဘာမှာမလို့လဲ"

"ဆိုင်အတွက်လိုအပ်တာလေးတေမှာထားတာပို့ခိုင်းမလို့ပါ"

"အော်မနက်ဖြန်သွားပို့ခိုင်းလိုက်လေ ရော့မုန့်စားလိုက်ကြအုံးမေမေသားငယ်လေးကိုသွားနိုးလိုက်အုံးမယ်"

"ဟုတ် မေမေ"2
ဒေါက်ဒေါက်

"သားငယ်လေးထတော့လေ၇နာရီခွဲတော့မယ်"

မင်းခမနေ့ညကဇာတ်ကားကြည့်လို့မနက်၃နာရီလောက်မှအိပ်ဖြစ်လိုက်သည်။မနက်ရောက်တော့မေမေလာနိုးမှဘဲမထချင်ထချင်နဲ့ထလိုက်ရသည်။

"မေမေကလဲအစောကြီးရှိသေးတယ်လေ ဘာထလုပ်ရမှာလဲ"

"ဘာအစောကြီးလဲ၇နာရီခွဲကအစောကြီးလားနင့်မမငယ်နဲ့အတူဆိုင်ဖွင့်ကူရအုံးမယ်လေထတော့"

"အားမေမေကလဲဒီနေ့စနေနေ့လေအငယ်မလဲအားနေတာကိုသူ့ကိုကူခိုင်းလိုက်"

"ဟဲ့ဆိုင်ကတစ်ဆိုင်ထဲမှမဟုတ်ဘဲဘယ်လိုလုပ်နင့်ညီမကဖွင့်နိုင်မှာလဲ"

မင်းခတို့သည်ရပ်ကွင်ထဲမှာကုန်စုံဆိုင်ဖွင့်ထားသည်။ကုန်စုံဆိုင်ကတော့မေမေကဘဲဦးစီးထားသည်။ဖေဖေကတော့အိမ်မှာသိပ်မနေရအမြဲစက်လှေထွက်နေရသည်။နောက်တစ်ဆိုင်ကတော့မမငယ်ရဲ့ဆိုင်ဖြစ်သည်။မမငယ်ကပန်းဆိုင်လေးဖွင့်ထားသည်။မင်းခတို့ကမိသားစု၆ယောက်ရှိသည်။မင်းခကတော့အလတ်ဖြစ်ပီးအစ်မနှစ်ယောက်နဲ့ညီမလေးတစ်ယောက်ရှိသည်။မမကြီးကအိမ်ထောင်ကျပီးသူ့အမျိုးသားနှင့်အတူအိမ်ခွဲနေသည်။မမငယ်ကတော့မကျသေးညီမလေးကတော့ကျောင်းတက်နေတုန်းဖြစ်သည်။အဲ့တာကြောင့်အိမ်ကအလုပ်တေကိုကျွန်တော်ကကူညီပေးနေတာဖြစ်သည်။ကျွန်တော်တို့မောင်နှမတေကအသက်လေးနှစ်စီကွာကြသည်။

Crush နဲ့နီးဖို့....Where stories live. Discover now