"ငါ့အပြစ်...ငါ့အပြစ်"

"ခင့်ကို ခေါ်မလာခဲ့ရင် ကောင်းသားကို"

"သိပ်မှားတာပဲ ခင်ရယ်"

_________

ထိုနေ့ ထိုကိစ္စဖြစ်ပြီးကတည်းက
ကြီးတင်နှင့် မိအေးလည်း ဖော်ဖော်ရွေရွေသိပ်မရှိကြတော့။ လန့်သွားသည်လား ကြောက်သွားသည်လားတော့ မတွေးတတ်။စကားသံ ရယ်သံများပင်မကြားရတော့ပေ။သူ့ အသံကြားသည်ကိုပင် တုန်ရင်နေသည့် မိအေးကတော့ ကြောက်နေမှန်း
သိပ်သိသာသည်။ ကြီးတင်နှင့် မိအေးပုံစံကို အကဲခက်ပြီး နှင်း အိမ်ထဲတွင်ထိုသို့ အပြုအမူပြုလုပ်လေ့မရှိဘူးဆိုတာကိုတော့ သိလိုက်ရသည်။
ရည်ရွယ်ချက်ရှိရှိ အိမ်ကိုခေါ်ပြီး လုပ်ခဲ့သည်။ယခုလည်း ထိုလုပ်ချင်ရာ လုပ်တတ်သော အမျိုးသမီးသည် အခန်းအောင်း
နေသည်ပင် နှစ်ရက်ခန့်ရှိပြီ။ထွက်လည်း မလာ... နေ့ည စားဖို့သောက်ဖို့ သွားပို့ပေးရသည်။ 

ဗီဒီယိုတစ်ပုဒ်ကြောင့်ဖြစ်သည်ဟု မိအေး ပြောပြ၍သိရသည်။ တစ်အိမ်လုံးတွင် နှင်းတစ်ယောက်တည်း smart phone ကိုင်သည်။ အိမ်အတွက် ကြိုးဖုန်းရယ် အပြင်ထွက်လျင် အရေးပေါ်သုံးလို့ရသည့် ကီးပတ်တစ်လုံးသာ ပေးထားသည်။
ခင် သိချင်သည် ။ မည်သို့သော အရာက သူငယ်ချင်းအရင်းချာကြီးကို ထိုသို့ ရက်ရက်စက်စက် လုပ်ရပ်များပြုလုပ်စေသလဲဆိုတာ။

_________________

"ဒေါက်...ဒေါက်...ဒေါက်"
"ဝင်ခွင့်မပြုလည်း ဝင်လာပြီနော်"
"တို့... ခင်နဲ့ ဆွေးနွေးစရာရှိတယ်"

""နားထောင်ကြည့်တာပေါ့"

"ခင်...တို့နဲ့ စေ့စပ်ရမယ်"

"ဘာ!!!"

"ဟုတ်တယ်...တို့ မင်းကို ဆန္ဒရှိတိုင်းပိုင်ဆိုင်ချင်တယ်"
"မင်း အချစ်ကို စောင့်ရတာ တို့
စိတ်မရှည်တော့ဘူး"...စေ့စပ်ပြီး
လက်ထက်ဖို့ ပြင်ဆင်မယ်""
""နောက်တစ်ပတ် စေ့စပ်ပွဲကျင်းပမယ်"" ပြီးရင် နောက်တစ်လနေရင်မင်္ဂလာဆောင်ကြမယ်"""

""ကျမ မလုပ်နိုင်ဘူး""မချစ်တဲ့ လူနဲ့လည်း လက်မထပ်နိုင်ဘူး""

"မင်းရဲ့ ဆန္ဒကို တို့မေးနေတာမဟုတ်ဘူး"" အသိလာပေးတာ""

""မင်းကို တို့ရဲ့ ဇနီးမယားအဖြစ် ပိုင်ဆိုင်ချင်ပြီ"...
"တစ်စုံတစ်ခုကြောင့် မတော်တ
ဆ တို့များသေသွားရင် ခင့်ကို မပိုင်ဆိုင်လိုက်ရမှာဆိုးလို့""

""အခုလည်း ရှင်ပိုင်နေတာပဲ မလား...လက်ထပ်ဖို့ထိ လုပ်ဖို့ လိုသေးလို့လား""

"Nooo...baby""မတူဘူး"
"ခံစားချက်ချင်းကွာတယ်"
"အစကတော့ ခင့်ကို ချစ်လို့ ..တို့ကိုများ ပြန်ချစ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နူးညံ့ခဲ့မိတာ""

""အခုတော့ ခင် တို့ကို မချစ်လည်း ဂရုမစိုက်တော့ဘူး""တို့ချစ်နေရင်ရပြီ...တို့ပဲ ပိုင်ဆိုင်နေရရင် ရပြီ.."

"ရှင် သိပ်အတ္တကြီးတာပဲ"
"ရှင့်ကို ကျမ သိပ်ရွံတယ် သိလား"
"မုန်းလည်း မုန်းတယ်"

"Ok...baby" တို့ ပြင်ဆင်လိုက်အုံးမယ်"...မင်းနဲ့ ဘဝသစ်ထူထောင်ဖို့"
"ဒီရက်တွေထဲ အစားများများစားထားနော်" ....တို့ရဲ့ သတို့သမီးလောင်းလေးက လှနေမှဖြစ်မှာ""
"အူးမွှ"

ခင့် နှဖူးကို တစ်ချက်နမ်းလိုက်ကာ နှင်း ထွက်ခဲ့လေသည်။ ဒီရက်တွေထဲနှင်း ပြသနာများစွာတတ်ခဲ့သည်။ 
ယွန်းဖြန့်ခဲ့သော ဗီဒီယိုသည် အခုချိန်ထိ နာမည်ကြီးပြီး ဟိုးလေးတစ်ကျော်ဖြစ်နေတုန်း။ နှင်းဖေဖေကလည်း ရှယ်ယာများထိုးကျသည်ဟူ၍ နှင်းကို
ပွားနေသည်။ ဗီဒီယိုထဲတွင် ယွန်းပုံကို ဆင်ဆာဖျက်ထားသည်ကြောင့်ဝမ်းသာရမည်။ နှင်း ဒီသတင်းကို ဖုန်းဖို့ရန် တစ်စုံတစ်ခုလုပ်မှ ရမည်ဖြစ်သောကြောင့် ခင်နှင့် လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။နှင်း စေ့စပ်ပွဲနှင့် လူတွေကို အာရုံလွှဲရမည်။

""တို့ တောင်းပန်တယ်ကွယ်""

"ဒါပေမယ့်လည်း ချစ်တယ်ကွယ်"

"ချစ်မိလို့ တပ်မက်နေတာကိုတော့ တို့လည်း မတတ်နိုင်ဘူး"










မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now